ယူနိုက်တက်ဟာ ဆန်ချိုကို ငါးနှစ်စာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီးတော့ ကစားသမားဟာ တစ်ပတ်လုပ်ခ ယူရို ၃၇၇၀၀၀ အထိ ရရှိမယ်လို့ သိရပြီး တစ်နှစ်လုပ်ခ ယူရို ၁၇.၆သန်းခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့့ပြီလို့ ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးတော့ အပြောင်းအရွှေ့ရဲ ကိစ္စတစ်ဝက်က ပြီးမြောက်ခဲ့ပြီလို့လည်း ဂျာမနီသတင်းစာက ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချိုကို ငါးနှစ်စာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီးတော့ ကစားသမားဟာ တစ်ပတ်လုပ်ခ ယူရို ၃၇၇၀၀၀ အထိ ရရှိမယ်လို့ သိရပြီး တစ်နှစ်လုပ်ခ ယူရို ၁၇.၆သန်းခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီအတွက် ဆန်ချိုဟာ ၅ နှစ်စာအတွက် လစာငွေစုစုပေါင်း ယူရို ၈၈သန်းအထိ ရရှိမှာဖြစ်ပြီး အခြားသော ဆုကြေးငွေတွေ မပါဝင်ဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ဆန်ချို နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တို့ဟာ အပြောင်းအရွှေ့ကိစ္စအတွက် အင်္ဂလန်ကိုပြန်သွားနေပြီလို့ သိရပြိး ကလပ်အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးတိတိကျကျသတ်မှတ်ဖို့အတွက်တော့ ဆွေးနွေးနေပြီး အလုံးစုံသဘောတူညီမှုရှိမယ်ဆိုရင်တော့ အပြောင်းအရွှေ့က ပိုမိုမြန်ဆန်မယ်လို့လည်း Bild က ဆိုပါတယ်။
ဆန်ချိုရဲ့ စျေးကွက်ပေါက်စျေးကတော့ ယူရို ၁၁ရသန်းရှိတယ်လို့ သိရပြီး အသက် ၂၀ အင်္ဂလန်လက်ရွေးစင်အတွက် ယူနိုက်တက်ဘက်က မြင့်မားတဲ့ပမာဏကို ပေးချေသွားဖို့ကို အသင့်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ အလိုချင်ဆုံးကစားသမားတစ်ဦးလို့ ယုံကြည်ရတဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ ၃နှစ်တာကာလအတွင်းမှာ ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။