မန်ချက်စတာယူနိုက်တက်အနေနဲ့ ရာသီကုန်အပြောင်းအရွှေ့စျေးကွက်ကာလအတွင်း ဒေါ့မွန်တိုက်စစ်မှူးဆန် ချိုကို ခေါ်ယူနိုင်ဖို့အတွက် အားစိုက်ပြင်ဆင်နေခဲ့တာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့လိုတယ်လို့ အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုခဲ့ တဲ့ ဒေါ့မွန်တိုက်စစ်မှူးဆန်ချိုရဲ့ မှတ်ချက်စကားကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ရာသီကုန်မှာအနိမ့်ဆုံးအ ဆင့်-၄နေရာရရှိဖို့ လိုအပ်ခဲ့ပြီဖြစ်တယ်လို့ dailymail က သုံးသပ်ဖော်ပြလာပါတယ်။
ဒေါ့မွန်တိုက်စစ်မှူးဆန်ချိုကို ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ်အသင်းများစွာရှိနေခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ယူနိုက် တက်တို့က အပြိုင်ကမ်းလှမ်းဖို့ရှိနေခဲ့တဲ့အခြေအနေမှာ ချန်ပီယံလိဂ်ဝင်ခွင့်က အရေးပါဆုံးအခန်းကဏ္ဍတစ်ခုဖြ စ်လာခဲ့ပြီဖြစ်ပါတယ်။
Thesun ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် တစ်ပတ်လုပ်ခလစာပေါင် ၄သိန်းပေးချေဖို့အ ထိအသင့်ရှိနေခဲ့ပေမယ့် ကစားသမားဖြစ်သူရဲ့ဆန္ဒအရ အပြောင်းအရွှေ့ဖြစ်ပေါ်ရန် အခက်အခဲအချို့ရှိနေခဲ့တ ယ်လို့လည်း သုံးသပ်မှုအချို့ရှိနေခဲ့ပြန်ပါတယ်။
လက်ရှိမှာ ပွဲစဉ် ၂၉ အပြီး ရွှေ့ဆိုင်းထားရတဲ့အခြေအနေမှာ အဆင့်-၄နေရာအတွက် ချဲလ်ဆီး၊ ယူနိုက်တက်၊ ဝုလ်ဗာဟမ်တန်၊ ရှက်ဖီးလ်ယူနိုက်တက်၊ စပါးအသင်းတို့က အပြိုင်ဖြစ်နေခဲ့ပြီး လီဗာပူးအသင်းကတော့ ချန်ပီ ယံလိဂ်ဝင်ခွင့်ရရှိထားခဲ့ပြီလည်းဖြစ်ပါတယ်။
ဒေါ့မွန်အသင်းအနေနဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင်ရရှိပါက ဆန်ချိုကို လက်လွှတ်ဖို့အသင့်ရှိနေခဲ့ပြီး ကစားသမား ဖြစ်သူကိုတော့ စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။ ဆက်စပ်သတင်းတွေအရ ပရီးမီး ယားလိဂ်အသင်းတွေအပြင် ဘို်င်ယန်မြူးနစ်အသင်းကပါ ဆန်ချိုကို မျက်စိကျနေတယ်လို့ Kicker ကလည်းဖော် ပြထားပြန်ပါတယ်။