အသင်းဘက်က ငွေထုတ်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဝုဒ်ဝက်ဒ်ဘက်က ငွေကြေးထုတ်ပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီးနောက်မှာ ဆိုးလ်ရှားဘက်က ရှိရင်းစွဲကစားသမားတွေကို ပြန်လည်ရောင်းချသွားဖို့သာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ပေါ့ဂ်ဘာနဲ့ လင်ဂတ်တို့ကို ကမ်းလှမ်းလာမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းအမှုဆောင်ချုပ်ဝုဒ်ဝက်ဒ်က နွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေကို ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တဲ့နောက် ယူနိုက်တက်က ကစားသမားတွေကို ရောင်းချပြီးငွေကြေးရှာဖွေတော့မှာဖြစ်ပါတယ်။ 

ဆန်ချိုရဲ့တန်ဖိုးဟာ ပေါင်သန်း ၁၀၀ အထိရှိတယ်လို့ သိရပြီး ယူနိုက်တက်အနေနဲ့ အဆိုပါကစားသမားကို ခေါ်ယူဖို့ ငွေကြေးလိုအပ်လာပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသင်းမှာခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ လင်ဂတ်နဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ပေါ့ဂ်ဘာကိုရောင်းချကာ ငွေကြေးရှာဖွေဖို့ ယူနိုက်တက်ဘက်က ပြင်ဆင်နေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။

ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် အသင်းဟောင်းဂျူဗင်တပ်စ်နဲ့ ရီးရဲလ််မက်ဒရစ်တို့က စိတ်ဝင်စားနေကြပါတယ်။ ယူနိုက်တက်က ပေါ့ဂ်ဘာရဲ့ တန်ဖိုးကို ပေါင်သန်း ၁၅ဝအထိ ရရှိဖို့ ရည်မှန်းထားပေမယ့် ဂျူဗီကတော့ ကစားသမားအလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကာ အာရွန်ရမ်ဆေး၊ ပီယာနစ် နဲ့ ရာဘီယော့တို့ထဲက တစ်ဦးဦးကို ထည့်သွင်းသွားဖို့ ရည်ရွယ်နေပါတယ်။ 

The Sun ကတော့ ယူနိုက်တက်ဟာ ရိုဟို၊ စမောလင်း၊ ပါရဲရားတို့တို့အားလုံးကို ရောင်းထုတ်ပြီး ငွေကြေးရှာဖွေလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ပေါ့ဂ်ဘာ၊ လင်ဂတ်တို့ကိုပါ ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့ ဆန်ချိုကို ခေါ်ယူနိုင်မယ့် ငွေကြေးပမာဏကို ရရှိမှာလည်းဖြစ်ပါတယ်။ ဆန်ချိုကတော့ ဒေါ့မွန်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ ဒေ့ါမွန်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၁၇ ဂိုးသွင်းကာ ၁၉ ကြိမ်ဖန်တီးပေးထားတဲ့ ဒေါ့မွန်က ဆိုးလ်ရှားရဲ့ အဓိကပစ်မှတ်အဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။ ဝုဒ်ဝက်ဒ်ဘက်က ငွေကြေးထုတ်ပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီးနောက်မှာ ဆိုးလ်ရှားဘက်က ရှိရင်းစွဲကစားသမားတွေကို ပြန်လည်ရောင်းချသွားဖို့သာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က