ဒေါ့မွန်နဲ့ ညှိနှိုင်းဖို့သာ ကျန်ရှိတော့တာပါ။

ယူနိုက်တက်ဟာ ဆန်ချိုကို နှစ်ရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး၊ သူ့ရဲ့လစာ၊ အပိုဆုကြေးနဲ့ စာချုပ်ဖျက်သိမ်းကြေးတွေအတွက် သဘောတူညီမှုရရှိထားပြီး ဒေါ့မွန်နဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်တော့တယ်လို့ The Sun က ရေးသားခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆန်ချိုတို့ဟာ အသေးစိတ်အချက်အလက်တွေကအစ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ ယူဆရပြီး အိုးထရက်ဖို့ဒ်ကို ကစားသမားဘက်က ပြောင်းရွှေ့လာလိမ့်မယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ဆန်ချိုကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း သိရပါတယ်။

အသက် ၂ဝအရွယ် ကစားသမားက ယူနိုက်တက်ရဲ့ကစားသမားအင်အားကို ပိုမိုတောင့်တင်းစေလိမ့်မယ်လို့လည်း ကလပ်အသင်းဘက်က ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို နှစ်ရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး၊ သူ့ရဲ့လစာ၊ အပိုဆုကြေးနဲ့ စာချုပ်ဖျက်သိမ်းကြေးတွေအတွက် သဘောတူညီမှုရရှိထားပြီး ဒေါ့မွန်နဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ ကျန်တော့တယ်လို့ The Sun က ရေးသားခဲ့ပါတယ်။ 

ဆန်ချိုကတော့ ဒီရာသီဘွန်ဒက်လီဂါ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ခုမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ အံ့အားသင့်ဖွယ်ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီခြေစွမ်းကြောင့်ပဲ ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကပါ ဆန်ချိုကို စိတ်ဝင်စားနေခဲ့ကြပါတယ်။ 

အသက် ၁၇ နှစ်အရွယ်မှာပဲ မန်စီးတီးကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုဟာ ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ဆန်ချိုကအတွက် ပေါင် ၇ သန်းသာ သုံးစွဲခဲ့ရတဲ့ ဒေါ့မွန်အတွက် လက်ရှိအချိန်မှာ ဆန်ချိုကို ပြန်လည်ရောင်းချပါက ပေါင်သန်း ၁၀၀ အထိရရှိနိုင်တော့မှာဖြစ်လို့ အကျိုးအမြတ်အများကြီးပိုင်ဆိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ဒေါ့မွန်နဲ့ ဆန်ချိုတို့ဟာ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြပြီး ဒေါ့မွန်အသင်းရဲ့ CEO ဂျိုအာချင်ဝက်ဇ်ကီကတော့ ကစားသမားကို အသင်းမှာဆက်လက်ရှိနေစေချင်ပေမယ့် ဆန်ချိုကသာ ဆန္ဒရှိမယ်ဆိုရင်တော့ သူ့ရဲ့ဆန္ဒကို လေးစားပေးရလိမ့်မယ်လို့ ပြီးခဲ့တဲ့လအတွင်းက ပြောကြားထားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က