ပြန်လည်ခေါ်ယူခွင့်သဘောတူညီချက်ပါဝင်နိုင်ပါတယ်။

ဖာတီကတော့ ရီးရဲလ်ဘက်တစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းကြီးအတွက် လူစားပါဝင်ခွင့်ရရှိခဲ့ပြီး ဘာစီလိိုနာသမိုင်းမှာ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


ဒေါ့မွန်အသင်းဟာ နွေရာသီမှာ အသင်းကထွက်ခွာဖွယ်ရှိနေတဲ့ တောင်ပံကစားသမားဆန်ချိုရဲ့နေရာကို အစားထိုးဖို့ ဘာစီလိုနာကြယ်ပွင့်အန်ဆူဖာတီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပိန်သတင်းစာများရဲ့ ဖော်ပြချက်မှာတော့ ဒေါ့မွန်ဟာ ဆန်ချိုရဲ့နေရာအတွက် စျေးကွက်အတွင်းက အရည်အသွေးမြင့်လူငယ်တွေကို ထောက်လှမ်းနေတယ်လို့ သိရပါတယ်။ 

ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ရရှိမယ်ဆိုရင် ရောင်းချသွားမယ်လို့ ဒေါ့မွန်အသင်းက ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူရာမှာ ကောင်းမွန်မှန်ကန်မှုရှိတဲ့ ဒေါ့မွန်ဟာ ဒမ်ဘီလီ၊ ဆန်ချို၊ ဟာလန်းတို့လို အရည်အသွေးမြင့်လူငယ်တွေကို ပိုင်ဆိုင်ခဲ့ပြီးနောက် အန်ဆူဖာတီကိုပါ မျက်စပစ်လာခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အန်ဆူဖာတီအပေါ် ဘာစီလိုနာအသင်းထားရှိထားတဲ့ မျှော်လင့်ချက်ကြီးမားမှုက သူ့ကိုခေါ်ယူနိုင်ဖို့ မလွယ်ကူကြောင်း သိသာနိုင်ပါတယ်။ ဒီအတွက် ဒေါ့မွန်ဘက်ကခေါ်ယူမယ်ဆိုရင်တောင် ပြန်လည်ခေါ်ယူနိုင်ခွင့်သဘောတူညီချက်ကိုပါ ထည့်သွင်းကမ်းလှမ်းခြင်းက နည်းလမ်းတစ်ခုဖြစ်မယ်လို့ ယူဆရပါတယ်။ 

ဖာတီကတော့ ရီးရဲလ်ဘက်တစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းကြီးအတွက် လူစားပါဝင်ခွင့်ရရှိခဲ့ပြီး ဘာစီလိိုနာသမိုင်းမှာ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီး ရက်အနည်းငယ်မှာပဲ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး လက်ရှိမှာ ၂၄ ပွဲအထိကစားပေးထားရကာ ငါးဂိုးသွင်း၊ တစ်ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့အကယ်ဒမီက အရည်အသွေးမြင့်ကစားသမားထွက်ပေါ်မှုရှားပါးလာမှုကို ရင်ဆိုင်နေရပြီး ဖာတီကို အလွယ်တကူထွက်ခွာခွင့်ပြုဖွယ်မရှိဘဲ ပြန်လည်ခေါ်ယူခွင့်သဘောတူညီချက်ရရှိမှသာ ရောင်းချဖွယ်ရှိနေပါတယ်။ ဒယ်လိုဖူကို အဲဗာတန်အသင်းဆီ ရောင်းချခဲ့စဉ်ကလည်း ပြန်လည်ခေါ်ယူခွင့်ပါဝင်ခဲ့ပြီး ဖာတီကိုလည်း အထက်ပါနည်းလမ်းအတိုင်း ရောင်းချဖို့သာ ဒေါ့မွန်ကမျှော်လင့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က