နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ "တန်ဖိုး" ရုပ်ရှင်ကားကြီးကို အာရှနိုင်ငံ တွေအပြင် နောက်ထပ် ပြည်ပနိုင်ငံတွေမှာပါ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
Photo: John La Raw
ကိုရီးယား- မြန်မာချစ်ကြည်ရေးအတွက် ရိုက်ကူးထားတဲ့ "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကို အာရှနိုင်ငံပေါင်း(၆၇) နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို အင်္ဂလိပ်စာတန်းထိုးပြီး ပြသမှာဖြစ်တယ်လို့ဇာတ်ညွှန်းရေးဆရာ John La Raw က ဆိုပါတယ်။
" သတင်းကောင်းပါ မိတ်ဆွေတို့။ "တန်ဖိုး"ရုပ်ရှင် (အင်္ဂလိပ်လို ခေါင်းစဉ် MA MA) ကို အရှေ့တောင် အာရှ ၁၂ နိုင်ငံနှင့် အာဖရိက နိုင်ငံ ၅၅ နိုင်ငံမှာ မကြာမှီ အတွင်း ပြသသွားဖို့ Celestial Tiger, thrill pay TV channel နှင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်းပါ။ ပြသသွားမဲ့ နိုင်ငံတွေကတော့..My Film (MA MA) will be shown in 67 countries across South East Asia and Africa via Tiger, thrill pay TV channel" ဆိုပြီးတော့ ဇာတ်ညွှန်းဆရာ John La Raw ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ (၁၁) ရက်နေ့ မနက်(၁) နာရီကျော်က ရေးသားခဲ့တာ ဖြစ်ပါတယ်။
Photo: John La Raw
"တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကြီးဟာ လူငယ်တိုင်းကြည့်ရှုသင့်တဲ့ ဇာတ်ကား တစ်ကားဖြစ်တယ်လို့ ထွန်းထွန်းက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီဇာတ်ကားထဲကနေတဆင့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတစ်ယောက်ဆီတိုင်းကို တန်ဖိုးထားတတ်ခြင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်တင်ခြင်းပဲ ဆိုတာကိုလည်း သူက ဆက်လက် ပြောပြခဲ့ပါသေးတယ်။
‘’တန်ဖိုး’’ရုပ်ရှင်ကားကြီးကိုတော့ တောင်ကိုရီးယားနိုင်ငံသား Sungwook Min နဲ့ JIHYE SUNG တို့က ပူးပေါင်းရိုက်ကူးတာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ ဂျွန်လရော် က ရေးသားထားတာဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ မော်နီကာပန် နှင့် သရုပ်ဆောင်များစွာတို့က ပါဝင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပါသေးတယ်။