လီဗာပူးလ်ဖြစ်ခဲ့တာနဲ့ တူညီတယ်လို့ ဆိုခဲ့ပါတယ်။

ဘားနက်စ်ဟာ အင်္ဂလန်အသင်းအတွက် ၇၉ ပွဲအထိကစားပေးခဲ့ပြီး လီဗာပူးလ်နဲ့အတူ ပထမတန်းဖလား၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ 


လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဂျွန်ဘားနက်စ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်အနားယူသွားခဲ့ပြီးနောက် အရှိန်အဝါကျဆင်းလာခဲ့ရတာဟာ အသင်းကစားသမားတွေက နိုင်ပွဲရရှိဖို့အတွက် တာဝန်ရှိတယ်ဆိုတဲ့ ခံယူချက်မရှိတော့တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဖာဂူဆန်အနားယူပြီးနောက်ပိုင်း အမှတ်ပေးဖလားကိုမရယူနိုင်တော့တာ ၇ နှစ်အထိရှိနေပြီဖြစ်ပါတယ်။ 

၂၀၁၃ မှာ ဖာဂူဆန်အနားယူခဲ့ပြီး အဲဒီနောက်ပိုင်းကာလတွေမှာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကိုသာ ဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီမှာဆိုရင်လည်း လီဗာပူးလ်နဲ့ ၃၇ မှတ်အထိကွာဟနေတဲ့အထိ ဖြစ်နေခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းဟာ ကစားသမားတွေက နိုင်ပွဲရယူပေးဖို့ထက် ဒီအသင်းမှာကစားနေရတာကိုပဲ ကျေနပ်နေတာကြောင့်လို့ ဂျွန်ဘားနက်စ်က ယုံကြည်နေပါတယ်။

"ယူနိုက်တက်ကို ခင်ဗျားကြည့်မယ်ဆိုရင် သူတို့က အသင်းကြီးတစ်သင်းအဖြစ်ရှိနေတုန်းပါပဲ၊ ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်၊ ဒါပေမယ့် သူတို့က နိုင်ပွဲရဖို့ သူတို့တာဝန်ဆိုတဲ့ ခံစားချက်မျိုးကို မတွေးဘူးလို့ ကျွန်တော်ကတော့ ထင်တယ်၊ ယူနိုက်တက်ပရိသတ်တွေနဲ့ စကားပြောကြည့်တဲ့အခါ မင်းသိလား၊ ငါတို့က အဆင့်လေးရတော့မယ်လို့ ပြောတယ်"

"သူတို့က အဆင့်လေးရတာကို ပျေ်ာရွှင်နေပါတယ်၊ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာမို့လေ၊ ဒါက ကြီးမားတဲ့ကွာဟချက်ကြီးဖြစ်လာတယ်လို့ ကျွန်တော်ကတော့ထင်တယ်" လို့ ဘားနက်စ်က beIN Sports ကို ပြောဆိုခဲ့ပါတယ်။ ဘားနက်စ်ဟာ အင်္ဂလန်အသင်းအတွက် ၇၉ ပွဲအထိကစားပေးခဲ့ပြီး လီဗာပူးလ်နဲ့အတူ ပထမတန်းဖလား၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ 

"ယူနိုက်တက် အခုဖြစ်နေတာက လီဗာပူးလ်ဖြစ်ခဲ့တာနဲ့ အတူတူပါပဲ၊ လီဗာပူးလ်မှာလည်း ကစားသမားကောင်းတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် နိုင်ပွဲရယူဖို့ ငါတို့မှာတာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကစားသမားတွေမှာ မရှိခဲ့ပါဘူး" လို့ ဘားနက်စ်က ထပ်ပြောခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အနီးစပ်ဆုံးဖြစ်နေခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က