နေဝင်းက တောင်ကြီးမြို့မှာပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က Frenzoအဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုအပေါ် ချီးကျူးခဲ့တာကြောင့် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။ ဖျော်ဖြေမှု အစအဆုံးကိုလည်း အားပေးခဲ့တယ်လို့ ပြောပါတယ်။
Photo: Nay Win
အဆိုတော် နေဝင်းကတော့ တောင်ကြီးမြို့မှာပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ Frenzo အဖွဲ့နဲ့အတူ တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျေးဇူးတင်စကားပြောခဲ့လို့ အရမ်းဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။
"ဒီနေ့ တောင်ကြီးမြို့ ပြည်ထောင်စုနေ့ အခမ်းအနားကို တောင်ကြီးမြို့ အဝေရာကွင်းမှာဆိုဖြစ်ခဲ့တယ်...ကျွန်တော် နေဝင်း , SNARE , Frenzo ရယ် ဦးညီထွဋ် နဲ့ ကိုဝေလ တို့ ဆိုတာကို အမေစု အစအဆုံး ထိုင်ကြည့်သွားတယ်ဗျာ။ အမေစု ကျမ်းမာပါစေ။ ပြီးတော့ပြောသွားသေးတယ် ပြည်သူတွေကိုပျော်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးပါတဲ့။ ရူးတာပဲ ... ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေပါမယ် peace" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Nay Win
နေဝင်း(Snare) ကိုတော့ Rap သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားဖြစ်သလို အဆိုတော် ဖြိုးလေးနဲ့ ပူးပေါင်းပြီး Snare အဖွဲ့ အနေနဲ့ သီချင်းအခွေတွေအများကြီး ထွက်ရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး သီချင်းအခွေတွေ၊ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။
Photo: Nay Win
နေဝင်းမှာတော့ ၁၀ နှစ်ကျော်လက်တွဲလာတဲ့ အိမ့်ချစ်ချော ချစ်သူလေး ရှိပါတယ်။ သူမကတော့ ခရီးသွား Blogger လေးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညက ဂီတဖျော်ဖြေပွဲမှာ နေဝင်းက ချစ်သူကောင်မလေး အိမ့်ချစ်ချောကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက လူငယ်ပရိသတ်တွေ အားကျခဲ့တာကိုလည်း တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလ အတွင်းမှာ လက်ထပ်ပွဲကျင်းပသွားမယ်လို့လည်း သိရပါတယ်။