သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။
နေတိုးကတော့ ပုံမှန်ဝင်ငွေမရှိတဲ့ဆင်းရဲသားပြည်သူတွေအတွက် နိုင်ငံတော်က စားနပ်ရိက္ခာထောက်ပံ့မယ့်အစီအစဉ်မှာ ငွေကျပ် သိန်း(၁၀၀) ထည့်သွင်းလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

Photo: Nay Toe



မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်များမှာ ပုံမှန်ဝင်ငွေမရှိတဲ့ မိသားစုဝင်တွေကို နိုင်ငံတော်မှ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသွားမှာဖြစ်လို့ ပြည်သူများက ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီအလှူမှာ ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကလည်း အလှူငွေကျပ် သိန်း(၁၀၀) ထည့်သွင်းလှူဒါန်းခဲ့ပြီလို့ ဆိုပါတယ်။ 

"ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ.. COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ဆက်စပ်၍ အရေးကြီးကာအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက်အိမ်ထောင်စု(၁)စုလျှင်ဆန်(၈) ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁) ပိဿာ၊ ကြက်သွန်(၁) ပိဿာ ၊ စုစုပေါင်းထောက်ပံ့ ကူညီမှု (၅)မျိုးစီ ကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၀ရက်နေ့မှစတင်၍အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည်ဆိုတာသိရလို့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို ပြည်သူများအားထောက်ပံ့ကူညီမှုများပြုလုပ်နိုင်ရန်အတွက် အထက်ပါအစီအစဉ်တွင်အလှူငွေ သိန်း(၁၀၀)ကိုထပ်မံလှူဒါန်းဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရောဂါဘရ ကင်းဝေးကြပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်း.. နေတိုး" ဆိုပြီးတော့ ဧပြီလ ၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးဟာ အဆိုတော် ယုန်လေး ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းမှုမှာလည်း ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ သူဟာ နောက်ထပ် ပရဟိတအလုပ်တွေမှာလည်း ငွေ အင်အားသာမက ကိုယ်တိုင်လည်း ပါဝင်ကုသိုလ်ယူခဲ့တာတွေလည်းရှိပါတယ်။ လက်ရှိ ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေး အကြပ်အတည်းတွေ ဖြစ်ပေါ်နေသလို နေ့စားလုပ်သားတွေရဲ့ မိသားစု စားဝတ်နေရေးတွေလည်း အခက်အခဲ ကြုံနေရပါတယ်။ ဒါကြောင့် အနုပညာရှင်များစွာကလည်း စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ မိသားစုဝင်တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းနေတာ တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က