အလှူတွေ၊ ပရဟိတအလုပ်တွေ အဆက်မပြတ်လုပ်ကိုင်နေသူပါ။

နန္ဒာလှိုင်ဟာ အခုဆိုရင်တော့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိခဲ့ပြီဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် ခင်ပွန်းဖြစ်သူနဲ့အတူ အလှူတွေ၊ ပရဟိတအလုပ်တွေကို အဆက်မပြတ် လုပ်ကိုင်နေသူတစ်ယောက်ပါ။

Photo: Nandar Hlaing



သရုပ်ဆောင် နန္ဒာလှိုင်ကတော့ နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိခဲ့တာ တွေ့ရပါတယ်။ သူမနဲ့ အတူ ပြည်နယ်နှင့် တိုင်း အသီးသီးမှာလည်း သီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြှင့်ခံခဲ့ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

“သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့် အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ။” ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ နန္ဒာလှိုင် အတွက် အနုပညာရပ်ဝန်းမှ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် ဂုဏ်ပြုစကားဆိုခဲ့ကြတာ တွေ့ရပါတယ်။

Photo: Nandar Hlaing

နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ မတွေ့ရတော့ပါဘူး။ သူမက ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့ ၂၀၀၈ ခုနှစ် မေလ(၆) ရက်နေ့က လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့မှာ သမီးလေး သုံးယောက် ထွန်းကားနေပြီဖြစ်ပြီး သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးလေးတွေမှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်တို့ ဖြစ်ပါတယ်။

Photo: Nandar Hlaing

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။ မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။

Photo: Nandar Hlaing

သူမဟာ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ်နဲ့အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆု၊ ၂၀၀၆ ခုနှစ်က တောင်တမန်သစ္စာဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြင့် အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ပရိသတ်တွေက အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်စေချင်နေကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် နန္ဒာလှိုင်ကတော့ ခင်ပွန်းဖြစ်သူနဲ့ အတူ အလှူအတန်းတွေ၊ ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က