နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို အသိပေးခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က COVID-19 ရောဂါပိုးတွေ့ရှိခဲ့သူ ဆွစ်ဇာလန်နိုင်ငံသူနဲ့ တွေ့ဆုံခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာ များပေါ်တွင် ကောလာဟလများပျံ့နှံ့လျက်ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မတ်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့သူမှာ " မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး" ဖြစ်ပြီး COVID-19 ရောဂါပိုးတွေ့ ရှိခဲ့သူက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ရုံးဝန်ထမ်း သာဖြစ်တယ်လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိပြီး COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေချိန် ကာလအတွင်းဧည့်သည် လက်ခံတွေ့ဆုံမှုတွေကိုတော့ အထူး သတိထားပြီး ဆောင်ရွက်လျက် ရှိတယ်လို့သိရပါတယ်။