ပြည်ပက ကုန်စည်လေယာဥ်နဲ့ပြည်တွင်းခရီးသွားလေယာဥ်အချို့တော့ပျံသန်းနေတယ်လို့သိရပါတယ်။

နိုင်ငံတကာခရီးသည်တင်လေယာဥ်တွေကိုအဝင်အထွက်ယာယီပိတ်ပင်မှုကို မတ်လ ၃၀ရက်နေ့ကတည်းက လုပ်ဆောင်ထားတာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က နိုင်ငံတကာခရီးသည်တင်လေယာဥ်တွေကို အဝင်အထွက် ယာယီပိတ်ထားမှုကို မူလ မေလ ၁၅ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ ထပ်တိုးပိတ်ထားတယ်လို့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက Duwun ကို ပြောပါတယ်။



“ပြည်ပခရီးသည်တင်လေယာဥ်တွေကို ယာယီပိတ်ထားတာ မေလ ၃၁ ရက်နေ့အထိ ထပ်တိုးထားပါတယ်။ ပြည်တွင်း လေယာဥ်တွေလည်း ဆွဲတာမရှိပါဘူး။ ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ကုန်စည်ပို့ဆောင်ရေး လေယာဥ် တွေလောက်ပဲ အဝင်အထွက်ရှိပါတယ်။”လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် ပြည်ပခရီးသွားလာမှုကို မတ်လ ၃၀ ရက်နေ့က စတင်ကာ ယာယီပိတ်ထားတာ ဖြစ်ပါတယ်။

ခရီးသည်တင်လေယာဥ်တွေကို ယာယီပိတ်ထားပေမယ့်လည်း အစိုးရအစီအစဥ်နဲ့ လုပ်ဆောင်နေတဲ့ နိုင်ငံ တကာမှာ ပိတ်မိနေသူ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်တဲ့ Relief Flight တွေကိုတော့ ဝင်ရောက်ခွင့်ပြု ထားပါတယ်။

“ကယ်ဆယ်ရေးလေယာဥ်တွေကိုတော့ ဆက်လက်ပျံသန်းပြေးဆွဲနေပါတယ်။ သူတို့ကတော့ နိုင်ငံတော်က ဆောင်ရွက်တာဖြစ်လို့ ပြန်ရောက်လာရင် အားလုံးက ကွာရန်တင်း ၂၁ ရက် ဝင်ကြရမှာပါ။ အခုလည်း လာမယ့် ၁၉ ရက်နေ့မှာ အိန္ဒိယကို တစ်စင်းသွားခေါ်ဖို့ရှိတယ်လို့ သိရပါတယ်။”လို့ ဦးအောင်လှိုင်ဝင်းက ဆက် လက်ပြောပါ တယ်။

COVID 19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတကာခရီးသည်တင်လေယာဥ်များ ဝင်ရောက်မှုကို ဧပြီလ ၃၀ ရက်နေ့အထိ ပထမဆုံးအကြိမ် ပိတ်ထားခဲ့ပြီးတဲ့နောက် မေလ ၁၅ ရက်နေ့သို့ ထပ်တိုး ပိတ်ပင်ခဲ့ကာ အခုအခါမှာတော့ မေလ ၃၁ နေ့အထိ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး အတည်ပြုလူနာ ၁၈၁ ဦးအနက် ရောဂါပြန်လည်ကင်းစင်သွားသူ ၈၄ဦး နဲ့ ဆေးရုံကဆင်းခွင့်ရသူ ၇၁ဦးထိရှိလာခဲ့ပြီး သေဆုံးသွားသူကတော့ ၆ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က