ယာဉ်မတော်တဆမှု (၃၅)မှုဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ယာဉ်မတော်တဆမှု (၃၅)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၉)ဦးရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာလ(၅)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

သေဆုံးသူ(၉)ဦးမှ ကျား(၂)ဦး၊ မ(၇)ဦးသေဆုံးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ (၉၁)ဦးထိ ရှိခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းအမြန်လမ်းမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာရရှိသူစာရင်ဟာ အရင်လတွေကထက် လျော့နည်းကျဆင်းသွားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

“ အောက်တိုဘာလထက်စာရင် နိုဝင်ဘာအတွင်းယာဉ်မတော်တဆဖြစ်ပွားမှုက ထက်ဝက်လောက်ကွာတယ်။ အောက်တိုဘာလအတွင်းက ယာဉ်မတော်တဆမှုက(၆၆)မှု၊ ထိခိုက်ဒဏ်ရာရတာက ကျား (၇၄)ဦး၊ မ(၆၀)နဲ့ သေဆုံးက ကျား(၁၂)ဦး၊ မ(၃)ဦး စုစုပေါင်း(၁၅)ဦးသေဆုံးခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အမြန်လမ်းမှယာဉ်မတော်တဆဖြစ်ပွားမှုတွေနည်းပါးအောင် အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ အသိပေးဆိုင်းဘုတ်ကပ်တာတွေ၊ ယာဉ်တွေရဲ့ တာယာတွေနဲ့ ယာဉ်ပေါ်မှာ မီးသတ်ဆေးဘူးပါ၊ မပါတွေကိုလည်း စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်” လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

အမြန်လမ်းမှာ တစ်လတစ်လကို ယာဉ်မတော်တဆမှုကြောင့် သေဆုံးတဲ့ သူက (၅)ဦးနဲ့ (၁၀)ဦး အထက်မှာရှိနေပါတယ်။ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအများစုဟာ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်တာတွေနဲ့ ယာဉ်မောင်းအိပ်ငိုက်တာတွေက အများဆုံးဖြစ်တယ်လို့ အဆိုပါတာဝန်ရှိသူတစ်းဦးကပြောပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ ယာဉ်မတော်တမှုက ရန်ကုန်-နေပြည်တော်လမ်းပိုင်းက အဖြစ်များလျှက်ရှိနေပြီးယာဉ်မောင်းတွေအနေနဲ့ သတိပြုရမယ့်နေရာတွေမှာလည်း အရှိန်လျှော့မောင်းကြဖို့အတွက် သတိပေးဆိုင်းဘုတ်တွေကပ်ထားလျှက်ရှိပါတယ်။

Share

Loading Next Article...
က္က