အာဆင်နယ်ကစားသမားဟောင်း အိုဗားမားက ယုံကြည်နေတာပါ။

ဆန်းချက်ဟာ မန်ယူအသင်းမှာ ၃၇ ပွဲသာ ကစားထားနိုင်သလို ပြိုင်ပွဲစုံမှာလည်း ၅ ဂိုးသာ သွင်းထားနိုင်ပါ တယ်။

မန်ယူအသင်းမှာ ခြေစွမ်းပိုင်းပျောက်ဆုံးပြီး ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဆန်းချက်ဟာ အသင်းဟောင်း အာဆင်နယ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေတယ်လို့ အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မက်ခ်အိုဗားမားက ပြောခဲ့ပါတယ်။



Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ - “သူအာဆင်နယ်မှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အလက်ဆစ်အပေါ် လေးစားမှု ရှိပြီးသားပါ။အခု မန်ယူအသင်းကနေ ထွက်ခွာမှုက လုပ်ရပ်ကောင်းလား ဆိုတာတော့ ကျွန်တော်မသိပါဘူး။ဒါပေမယ့် အာဆင်နယ်အသင်းကို ပြန်ပြောင်းရွှေ့မယ်ဆိုရင်သူ့အတွက် အောင်မြင်မှုတွေ ပြန်မြင်ရမယ်လို့မြင်ပါတယ်။အခုက အသင်းမပြောင်းပဲ ဝင်ငွေနည်းသွားမှာစိုးရိမ်နေသလို ဖြစ်နေပါတယ်။” လို့ အိုဗားမားက ပြောခဲ့တာကိုသိရပါတယ်။

ဆန်းချက်ဟာ မန်ယူအသင်းမှာ ၃၇ပွဲ ကစားထားသော်လည်း ပြိုင်ပွဲစုံမှာ ၅ ဂိုးသာ သွင်းယူထားနိုင်သေးသူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာတုန်းကတော့ ၂၀၁၄ ကနေ ၂၀၁၈ အထိ ၄ နှစ်တာ ကျင်လည်ခဲ့ပြီး ၁၂၂ ပွဲမှာ ဂိုး ၆၀ အထိ သွင်းယူနိုင်ခဲ့သူပါ။

ဆန်းချက် အာဆင်နယ်ကို ပြန်လည်ပြောင်းရွှေ့မယ်လို့ ပြောခဲ့တဲ့ အိုဗားမားကတော့ အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းနဲ့အတူ ၁၉၉၇-၂၀၀၀ ခုနှစ် ၃ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဆုဖလား ရယူဖူးသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒတ်ချ်ကလပ် အေဂျက်အသင်းမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေပြီး ဆန်းချက်နဲ့ပတ်သက်တဲ့ သူ့ရဲ့မှတ်ချက်ကိုတော့ AND Deportes သတင်းဌာနကို ပြောခဲ့တယ်လို့ Daily Mail ကဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က