ယခုနှစ်အစောပိုင်းမှာ အမျိုးသမီးရှိနေတဲ့နေရာကို ရဲတပ်ဖွဲ့က သတင်းရခဲ့ပါတယ်

၁၉၈၀ ပြည့်နှစ်များအတွင်း လူကုန်ကူးသူတွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အာဂျင်တီးနားအမျိုးသမီးတစ်ဦးဟာ အာဂျင်တီးနားနဲ့ ဘိုလီဗီးယား နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုအတွင်း သူမရဲ့မိသားစုနဲ့ ပြန်ဆုံခွင့်ရခဲ့ပြီလို့ သိရပါတယ်။ ယခုအခါ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ထိုအမျိုးသမီးဟာ ဖမ်းဆီးခံရပြီးကတည်းက မည်သည့်နေရာမှာ ရောက်ရှိနေခဲ့ကြောင်း မသိခဲ့ကြပါဘူး။


(Photo: Argentina Police)

ယခုနှစ်အစောပိုင်းမှာတော့ အာဂျင်တီးနားအမျိုးသမီးဟာ ဘိုလီဗီးယားနိုင်ငံတောင်ပိုင်း ဘာမီဂျိုမြို့မှာ ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က အမျိုးသမီး ဖမ်းဆီးခံထားရတဲ့ နေအိမ်တည်နေရာကို ဖော်ထုတ်ခဲ့ပြီး သူမနဲ့အတူ သူမရဲ့ အသက်ကိုးနှစ်အရွယ် သားဖြစ်သူတို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ကယ်တင်ခဲ့တဲ့ အာဂျင်တီးနားအမျိုးသမီးနဲ့ သားဖြစ်သူတို့ရဲ့ အမည်တွေကိုမူ ထုတ်ဖော်ပြောကြားမှု မရှိပါဘူး။ ယမန်နေ့ (ဒီဇင်ဘာ ၂၅ ရက်) မှာ ထုတ်ပြန်ချက်မှာတော့ အမျိုးသမီးဟာ အာဂျင်တီးနားနိုင်ငံ မာဒဲလ်ပလက်တာမြို့ (Mar del Plata) ရှိ သူမရဲ့မိသားစုနေအိမ်ကို ပြန်သွားနိုင်ခဲ့ပြီလို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

(Map: BBC)

သူမနဲ့သားဖြစ်သူတို့ဟာ ယခုလအစောပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ လွန်ခဲ့တဲ့ ၃၂ နှစ်ခန့်က အာဂျင်တီးနားအမျိုးသမီးကို ပြန်ပေးဆွဲဖမ်းဆီးခဲ့သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိကြောင်း BBC သတင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က