၂လတိတိ ပြန်ခွင့်ပြုသွားမှာပါ။

မနက်ဖြန်ကစပြီး မဲဆောက်ကနေ မြဝတီကို ဝင်ခွင့်ပြုမှာဖြစ်ကာ တစ်ရက်ကို၂၁၀ ဦးထိ အများဆုံး ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မှာရှိနေတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအစိုးရက မြန်မာသံရုံးနဲ့ ပူးပေါင်းပြီး အထူးအစီအစဥ်တစ်ရပ်ဆောင်ရွက်ပေးလိုက်ပါတယ်။



အဆိုပါ အစီအစဥ်ကတော့ နှစ်လအတွင်း နေရပ်ပြန်ခွင့်ဖြစ်ပြီး ဘန်ကောက်ကနေ မဲဆောက်၊ မဲ‌ဆောက်ကတဆင့် မြဝတီနယ်စပ်ကနေ ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဆီမနေ့က မြန်မာသံရုံးကနေတဆင့် စီမံချက်တစ်ခုရောက်လာပါတယ်။မြန်မာသံရုံးနဲ့ထိုင်းနိုင်ငံ အစိုးရ ပေါင်းပြီး အထူးအစီအစဥ်အနေနဲ့ နယ်စပ်ကို ဘတ်စ်ကားနဲ့ည ၁၀နာရီတစ်ကြိမ် ၁၁နာရီတစ်ကြိမ်၊တစ် ကြိမ်မှာ ၅စီးနဲ့ တစ်စီးကို ၂၁ယောက်ဆိုတော့ ၂၁၀ ပါဝင်မယ်လို့သိရပါတယ်။ကားခကတော့ တစ်ယောက်ကို ၁၀၄၈ ဘတ်ကျမှာပါ။”လို့ မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကို ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာမယ့်သူများက ပထမဆုံး အသုတ်အနေနဲ့ ဒီကနေ့ မေလ ၂၂ရက်နေ့ညကားနဲ့ ပြန်ထွက် လာမှာဖြစ်တဲ့အတွက် မနက်ဖြန် မေ ၂၃ရက်နေ့ မနက် ၆နာခွဲလောက်မှာ ပြန်လည် ဝင်ရောက်လာမယ် လို့လည်း သိရပါတယ်။

တစ်ရက်ကို ဘတ်စ် ၁၀စီးနဲ့ အများဆုံး လူ ၂၁၀ ကို ပြန်ခွင့်ပြုထားတာဖြစ်ပြီး မေလ ၂၂ရက်ကနေ ဇူလိုင် ၂၀ အထိ စီစဥ် ပေးမှာလို့လည်းသိရပါတယ်။

မြဝတီနယ်စပ်မှာ ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူ မေလ ၁ ရက်က စတင်ပြီး ၇၀၀ ကျော် ၈၀၀ နီးပါး ရှိနေခဲ့ပြီဖြစ်ပြီး မြဝတီကတဆင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တွေကို ပြန်လည်ထွက်ခွာခွင့်ပြုနေခဲ့တာပါ။

“ပြန်လည်ဝင်ရောက်လာသူတွေကို ကျွန်တ်ောတို့အနေနဲ့ သက်ဆိုင်ရာဒေသအလိုက် လမ်းကြောင်းသင့်တဲ့ အပေါ် မူတည်ပြီး ကားတွေပေါ်တင်ပေးပါတယ်။ပြန်မပို့ခင်မှာလည်း ကျန်းမာရေးစစ်ဆေးမှု ထောက်ခံချက်တွေကို သေ ချာစိစစ်တယ်၊ကျန်းမာရေးမကောင်းလို့ ကွာရန်တင်းထားရတဲ့သူတွေတော့မရှိပါဘူး။ကားလမ်းကြောင်းမသင့် သေးလို့ ကွာရန်တင်းစောင့်နေရသူတွေပဲ ရှိပါတယ်။”လို့ ဦးသန့်ဇင်အောင်က ဆက်လက်ပြောပါတယ်။

ဘန်ကောက်ကတဆင့် မဲဆောက်-မြဝတီကို ပြန်လာသူတွေကို မြန်မာသံရုံးက ထောက်ခံစာထုတ်ပေးသွားမှာ ဖြစ်ပြီး ပြန်လာသူတွေအနေနဲ့ ထိုင်း-မြန်မာရွှေ့ပြောင်းအလုပ်သမားများနည်းတူ မြဝတီနယ်စပ်ကို ကျော်ဖြတ်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က