KBZ က ထောက်ပံ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးကို မူလလက်ရာအတိုင်း ပြင်ဆင်မှာဖြစ်ပြီး ဒီနှစ်ကုန်မှာ ပြီးစီးမယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

The Secretariat 5_Credit to The Secretariat & KBZ Bank.jpg

Photo - KBZ

 

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အနော်မာအနုပညာအဖွဲ့နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပူးပေါင်းပြင်ဆင်မှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ အစည်းအဝေးခန်းမကိုတော့ ၁၉၄၇ ခုနှစ်က ပုံစံအတိုင်း ပြန်လည်ပြင်ဆင်မှာလည်း ဖြစ်ပါတယ်။

အခုလက်ရှိမှာ ဝန်ကြီးများရုံးကို အများပြည်သူကြည့်ရှုလေ့လာနိုင်ဖို့အတွက် အာဇာနည်နေ့ တရက်တည်းသာ ဖွင့်လှစ်ပေးထားတာဖြစ်ပြီး ပြန်လည်ပြင်ဆင်မှုတွေပြီးရင်တော့ ပြတိုက် အဖြစ်ထားရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ မူလလက်ရာအတိုင်း ပြင်ဆင်ရေးအတွက်လိုအပ်တဲ့ ငွေကြေးကိုတော့ ကမ္ဘောဇဘဏ်က ထောက်ပံ့ပေးသွားဖြစ်တယ်လို့သိရပါတယ်။

Photo - KBZ

အတွင်းဝန်ရုံး ပြန်လည်မွမ်းမံ ပြင်ဆင်ရေးဟာ အဆိုပါ နေရာတစ်ခုတည်းသာမက ရန်ကုန်တစ်မြို့လုံးကို ဖွံဖြိုးတိုးတက်စေမှာ ဖြစ်တယ်လို့ ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးအောင်ကျော်မျိုးက ပြောပါတယ်။

ဝန်ကြီးများရုံးလို့ အရင်ကခေါ်ဆိုခဲ့ကြတဲ့ အတွင်းဝန်ရုံးဟာ ကိုလိုနီခေတ် ဗြိတိသျှမြန်မာအစိုးရ ရုံးစိုက်ရာနေရာဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး အခြေခံဥပဒေကို စတင်ရေးဆွဲခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှာ မြန်မာနိုင်ငံအလံကို ပထမဆုံး လွှင့်တင်တဲ့နေရာ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အစိုးရဝန်ကြီး တို့ နိုင်ငံ့တာဝန်တွေကို အသက်ပေးထမ်းဆောင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က