အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသူတွေအနေနဲ့ ကျသင့်ငွေကို ပြန်လည်ပို့ပေးမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးမှာ ပြုလုပ်မယ့်ညဈေးကို အချိန်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်တယ်လို့ အဆိုပါ Signature Night Market Event Planning Company က ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

လူအများရဲ့ဝေဖန်အကြံပြုချက်ကို လေးစားသောအားဖြင့် အဆိုပါ NightFest ပွဲတော်ကို အချိန်အကန့်အသတ်မရှိ aရွှ့ဆိုင်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်မှတ်ဝယ်ယူထားသူများအတွက် ကျသင့်ငွေကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီးတော့ လိုအပ်တဲ့ရှင်းလင်းမှုတွေပါ လုပ်သွားမယ်လို့ ပြောပါတယ်။

“ ကျွန်မတို့ဘက်ကတော့ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုပဲ မေးစေချင်ပါတယ်။အားလုံးထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ” Signature Night Market ကတာဝန်ရှိသူတစ်ဦးဖြစ်သူ မငုကေခိုင်က Duwun ရဲ့မေးမြန်းချက်ကို ပြောပါတယ်။

ဝန်ကြီးများရုံးဘက်ကလည်း အများပြည်သူရဲ့ ဝေဖန်မှုကို အလေးပေးစဉ်းစားသွားမှာဖြစ်ပြီး ရန်ကုန်မြို့သူမြို့သားတွေအတွက် အလွယ်တကူ တက်ရောက်နိုင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အခမ်းအနားတွေနဲ့ ပြပွဲအတွေ့အကြုံတွေ ရရှိဖို့အတွက် နောင်လာမယ့် အခမ်းအနားတွေမှာ နိုင်ငံတော်ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးများရုံးရဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကို ထင်ဟပ်ပြသဖို့၊ ယဉ်ကျေးမှု အစဉ်အလာအမျိုးမျိုး ချစ်ကြည်ဖလှယ်ရေး မြှင့်တင်ပေးရန်၊ မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို နောင်လာမယ့် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပွဲတော်လက်မှတ်တွေကို ဝန်ကြီးများရုံးနဲ့ outlet တွေမှာ ဝယ်ယူထားသူတွေအနေနဲ့ လက်မှတ်အတွက် ကျသင့်ငွေကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပြီး အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခဲ့သူတွေကိုလည်း ကျသင့်ငွေကို ပြန်လည်ပို့ပေးမယ်လို့ သိရပါတယ်။ အဆိုပါညဈေးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ဝန်ကြီးများရုံးမှာ ပြုလုပ်မယ်လို့ ကြေညာထားတာဖြစ်ပြီးတော့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်တွေရှိခဲတဲ့ အဆိုပါ အဆောက်အအုံမှာ ပျော်ပွဲရွှင်ပွဲပြုလုပ်တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးများရုံးက ယဉ်ကျေးမှုစင်တာ၊အများပြည်သူ လာရောက်လေ့လာစရာ နေရာသစ်တစ်ခုအပြင် ကျောင်းတွေ၊ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းတွေရဲ့ ရုံးခန်းတွေ၊ အစားအစာနှင့် စားသောက်ဆိုင်တွေ ကွဲပြားတဲ ယဉ်ကျေးမှု၊စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရာ နေရာတစ်ခုဖြစ်လာမယ်လို့ ထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က