ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၄ လကတည်းက အာဆင်နယ်အသင်းကနေ မန်ယူကို ပြောင်းလာခဲ့ပြီး ဒဏ်ရာ မကြာခဏရနေ တာကြောင့်လည်း ပုံမှန် ပွဲထွက်ခွင့်နဲ့ လွဲချော်နေရသူ ဖြစ်ပါတယ်။

မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အလက်ဆစ် ဆန်းချက်ကို အီတလီကလပ် ဂျူဗင်တပ်အ သင်းက ကလမ်းလှမ်းလာဖွယ်ရှိပေမယ့် မန်ယူမှာ ရနေတဲ့ လစာနှုန်းထားတော့ မရနိုင်လောက်ဘူးလို့ Daily Mial ကဖော်ပြလာပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ဆန်းချက်ရဲ့ အာဆင်နယ်ကစားဖော်ဟောင်းဖြစ်တဲ့ ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူထားနိုင်ပြီ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း အထိပေးချေထားတာ ဖြစ်ပေမယ့် ဆန်းချက်အခုရနေတဲ့ လစာကိုတော့ မမီသေးပါဘူး။

ဆန်းချက်ကတော့ မန်ယူမှာ တစ်ပတ်လုပ်ခပေါင် ၅ သိန်းအထိ မြင့်မားစွာ ရရှိနေတာ ဖြစ်ပေမယ့်လည်း ဒဏ်ရာ မကြာခဏရနေတာ အပါအဝင် အသင်းမှာ ပုံမှန် မကစားရပဲ ဖိအားတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

၅ နှစ်စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပေမယ့်လည်း ဒီရာသီမှာအသင်းအတွက် ၂ ဂိုးသာ သွင်းယူပေးထားနိုင်ပါ တယ်။

တချိန်တည်းမှာပဲ မန်ယူအသင်းဟာလည်း အဆင့် ၅ နေရာမှာ ရပ်တည်နေရပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အာဆင်နယ်၊ချဲလ်ဆီးတို့နဲ့ အပြိုင် ကြိုးပမ်းနေရပါတယ်။

ဆန်းချက်အနေနဲ့ ဂျူဗင်တပ်ကို ပြောင်းဖြစ်ရင်တော့ ရော်နယ်ဒိုနဲ့အတူ တွဲဖက် ကစားရမှာ ဖြစ်ပြီး ဒီလို ကစားခွင့်ရပြီဆိုရင်တော့ မက်ဆီရော၊ရော်နယ်ဒိုရော နှစ်ဦးစလုံးနဲ့ တွဲဖက်ကစားခွင့်ရမယ့် ကစားသမား ဖြစ်လာ ဦးမှာပါ။

Share

Loading Next Article...
က္က