သေဆုံးသူ အမျိုးသမီးမှာ ကလေးမွေးဖွားပြီးစ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းစံပြဆေးရုံပေါ်ကနေ ခုန်ချသေဆုံးသွားခဲ့တဲ့ အမျိုးသမီးမှာ AIDS ရောဂါဝေဒနာ ခံစားနေရပြီး ART ဆေးသောက်နေရသူတစ်ဦးဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

Photo - Ministry of Health and Sports



အဆိုပါ အမျိုးသမီးမှာ ကလေးမွေးဖွားပြီးခါစ ဖြစ်ပြီး တီဘီရောဂါခံစားနေရသလို စိတ်ဂယောင်ခြောက်ခြား ဖြစ်တတ်သူ တစ်ဦးလို့ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေ အရ သိရပါတယ်။

“အမျိုးသမီးက စိတ်ပုံမှန်မဟုတ်သူတစ်ဦးလို့ စစ်ဆေးချက်အရ သိရပါတယ်။ နောက်ပြီး သူက ART ဆေးလဲသောက်နေရတယ်“ လို့ သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တာဝန်မှူး က ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရးရပ်ကွက်မှာ နေထိုင်ကာ ကျပန်းအလုပ်အလုပ်ကိုင်သူတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အမျိုးသမီးမှာ ဧပြီလ ၂၄ ရက်မှာ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ကလေးမီးဖွားပြီးနောက် တီဘီရောဂါကုသဖို့ ဆေးရုံ ဆက်တက်နေတာလည်း ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အဆိုပါ အမျိုးသမီးက ကလေးကို နို့တိုက်ပြီး ခင်ပွန်းသည်က ဆေးထွက်ဝယ်စဉ် ဆေးရုံရဲ့ ၃ လွှာမြောက်ကနေ ခုန်ချသေဆုံးခဲ့တာလို့ သိရပါတယ်။

အမျိုသမီး သေဆုံးကြောင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာ ခုန်ချသေဆုံးခဲ့တာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက တော့ သေမှုသေခင်းနဲ့ အမှုဖွင့်လှစ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က