ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးဆု ဖြစ်သော ကျပ်သိန်း (၁၅၀) ဆု ၂ဆု အနက် တစ်ဆုကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှ ကံထူးရှင်တစ်ဦးက ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါသည်။ ကျန်ရှိနေသော ကျပ်သိန်း (၁၅၀)ဆု တစ်ဆုအပါအဝင် ဆုမဲပေါင်း (၃၂၇) ဆုကို ဆက်လက်ကံ ထူးနိုင်ရန် ပရိုမိုးရှင်းကာလကိုလည်း စက်တင်ဘာ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပြီဖြစ်ပါသည်။

နက်စ်လေမြန်မာ၏ လူကြိုက်များလျက်ရှိသော ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်မှ အပတ်စဉ် ကံထူးရှင်များအား မဲနှိုက် ရွေးချယ်ပေး လျက်ရှိ ရာ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးဆု ဖြစ်သော ကျပ်သိန်း (၁၅၀) ဆု ၂ဆု အနက် တစ်ဆုကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှ ကံထူးရှင်တစ်ဦးက ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါသည်။ ကျန်ရှိနေသော ကျပ်သိန်း (၁၅၀)ဆု တစ်ဆုအပါအဝင် ဆုမဲပေါင်း (၃၂၇) ဆုကို ဆက်လက်ကံ ထူးနိုင်ရန် ပရိုမိုးရှင်းကာလကိုလည်း စက်တင်ဘာ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးလိုက်ပြီဖြစ်ပါသည်။

ကံစမ်းမဲ ရွေးချယ်မှုအစီအစဉ်နှင့် ဆုရရှိသူများစာရင်းကို နက်စ်လေမြန်မာ၏ ဖေ့စ်ဘုတ် စာမျက်နှာ ပေါ်တွင် အပတ်စဥ် သောကြာနေ့တိုင်း တိုက်ရိုက် ထုတ်လွှင့်ကြေငြာပေးလျက်ရှိပြီး သတ်မှတ်ချက် ပြည့်မီသော ကံစမ်းမဲများကို အစီအစဉ် တင်ဆက်သူများမှ ဘက်လိုက်မှုမရှိဘဲ ကျပန်း ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သြဂုတ်လ (၁၄) ရက်နေ့၊ သောကြာနေ့က တိုက်ရိုက် ထုတ်လွှင့်ခဲ့သော ကံစမ်းမဲ ရွေးချယ်မှု အစီအစဉ်တွင် နက်စ်လေ ပရိုမိုးရှင်း၏ အမြင့်ဆုံး ဆု (၂) ဆုမှ တစ်ဆုအား ပထမဆုံးအကြိမ်အဖြစ် မဲဖောက်ပေးခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ (၁၅) ရက်နေ့၊ စနေနေ့တွင် နက်စ်လေ အဖွဲ့ဝင်များမှ ကံထူးရှင်၏ နေအိမ်သို့ သွားရောက်ကာ အဆိုပါဆုကြီးကို ပေးအပ်ခဲ့ပါသည်။


ကံထူးသွားသော ပေါက်မဲနံပါတ်မှာ 1ESO17V3HU6DN ဖြစ်ပြီး၊ နက်စ်လေ၏ ထုတ်ကုန်ဖြစ်သော နက်စ်ကဖေး Latte အသင့်သောက် သံဘူးမှ ပေါက်မဲနံပါတ်ဖြင့် ကံထူးခဲ့ခြင်းဖြစ်ပါသည်။ ကံထူးရှင်မှာ ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်တွင် နေထိုင်သော ကိုဉာဏ်လင်းထက် ဖြစ်ပြီး နက်စ်လေမြန်မာ ၏ ထုတ်ကုန်များကို နှစ်သက်စွာဖြင့် အစဉ်တစိုက် အားပေးလာသူ ဖြစ်ပါသည်။ ဆွေမျိုးများ လာရောက်လည်ပတ်စဉ် သောက်သုံးနိုင်ရန် မြန်မာပလာဇာမှ နက်စ်ကဖေး ကော်ဖီများ ဝယ်ယူရင်း ကံစမ်းမဲအစီအစဉ်၌ပါဝင် ဖြစ်ခဲ့ကြောင်းသိရသည်။

"နက်စ်လေ ကထုတ်တဲ့ နက်စ်ကဖေး ကော်ဖီမှုန့်ဘူး၊ အသင့်သောက်သံဘူးနဲ့ မိုင်လို ကတော့ အမြဲသောက်ဖြစ်တယ်။ အဲ့နေ့က ကော်ဖီသောက်ချင်တာရယ် အမေကလည်း မန္တလေး က အမျိုးတွေအတွက်ဆိုပြီး သွားဝယ်တာ နက်စ်ကဖေး Latte ဘူး မှာ ကံစမ်းမဲ တွေ့တာ နဲ့ ပါဝင်ဖြစ်သွားတာ။ အခုလို အားလုံးကြပ်တည်းနေတဲ့ ကာလ မှာ နက်စ်လေကဒီ လို ပရိုမိုးရှင်း လုပ်ပေးတာ ဆိုတော့ နှစ်ဖက်လုံးအတွက်လည်း အဆင်‌‌ပြေတာပေါ့နော်။ နက်စ်လေ ထုတ်ကုန်တွေ လည်းသုံးရတယ်၊ ကံစမ်း လို့လည်းရတယ်။ ခုဆိုပေါက်တဲ့ ဆုကြေးပမာဏ ကလည်း အများကြီး ပဲ‌လေ။ နက်စ်လေမြန်မာ အနေနဲ့လည်း လူတွေအတွက် ဒီထက်ပိုပြီး အကျိုးပြု နိုင်တဲ့ ကုမ္ပဏီကြီး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။” ဟု ကိုဉာဏ်လင်းထက် မှ ပြောကြားခဲ့သည်။

“နက်စ်လေ ရဲ့ သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေ နဲ့ ကံစမ်းစို့ ဆိုတဲ့ ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်ရဲ့ အကြီးဆုံး ဆုကြီး နှစ်ခု ထဲက တစ်ခုဖြစ်တဲ့ ဆုငွေ ကျပ် သိန်း ၁၅၀ ကို ချီးမြှင့်ခွင့်ရတဲ့အတွက် ကျွန်မတို့ နက်စ်လေမြန်မာက အထူးပဲ ဝမ်းမြောက်မိပါတယ်။ ကံထူးရှင် ကိုဉာဏ်လင်းထက် အနေနဲ့ နက်စ်လေက ပေးတဲ့ ဆုငွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားပြီဖြစ်ပါတယ်။ ဒီငွေသားဆုနဲ့အတူ လတ်တလော ဖြစ်ပွားနေတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု နက်စ်လေမြန်မာ မှ တာဝန်ရှိသူ ဒေါ်သိင်္ဂီအောင် မှပြောကြားခဲ့သည်။

  ကံစမ်းမဲ အစီအစဉ်အတွင် ပါဝင်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁)  ပရိုမိုးရှင်း စတေကာ ပါဝင်သော နက်စ်လေ ထုတ်ကုန်များအား ဝယ်ယူပါ။

(၂)   စတေကာတွင် ပါဝင်သော QR code ကို scan ဖတ်ပါ။ ထိုအခါ နက်စ်လေမြန်မာ ဖေ့စ်ဘုတ် စာမျက်နှာ၏ ချက်ဘောက် ဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့မဟုတ် နက်စ်လေမြန်မာ ဖေ့စ်ဘုတ် စာမျက်နှာ၏ ချက်ဘောက်သို့ သွားရောက်ပါ။ ချက်ဘောက် တွင် ပရိုမိုးရှင်း စတေကာ၌ ဖော်ပြထားသော သတ်မှတ်ဘားကုဒ်နံပါတ်ကို ရိုက်ထည့်ပါ။

(၃)  ကုဒ်နံပါတ်မှန်ကန်ပါက ချက်ဘော့မှ အလိုအလျောက် စနစ်ဖြင့် မေးမြန်းသည်များကို ဆက်လက် ဖြည့် သွင်းပါ။

အချက်အလက်များ အားလုံး မှန်ကန်စွာ ဖြည့်စွက်ပြီးသည်နှင့် တပြိုင်နက်၊ ပါဝင်သူသည် ယခုပရိုမိုးရှင်းတွင် ပါဝင်ပြီးဖြစ်ကြောင်း အတည်ပြုချက်အနေဖြင့် “ကျေးဇူးတင်ပါတယ်။” ဟူသော စာတိုအား လက်ခံ ရရှိသွားမည်ဖြစ်ပြီး၊ Nestlé Myanmar (Trading) Limited ၏ အချက်အလက် ဒေတာဖိုင်တွင် သတ်မှတ်ချက် ပြည့်မီသော ဝင်ခွင့်များကို သိမ်းဆည်းထားမည် ဖြစ်သည်။

ကံထူးရှင်ရွေးချယ်မှု အစီအစဉ်ကို နက်စ်လေမြန်မာ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် သောကြာနေ့ ညနေ (၆) နာရီ အချိန်တွင် တိုက်ရိုက် ထုတ်လွှင့်လျက်ရှိပြီး သတ်မှတ် ချက်ပြည့်မီ သောကံစမ်းမဲ နံပါတ်များကို မျှတပြီး ဘက်လိုက်မှု မရှိသော ကျပန်းရွေးချယ်မှုပုံစံဖြင့် ရွေးချယ် ကြေငြာပေး သွားမည် ဖြစ်ပါသည်။ကံစမ်းမဲ အစီအစဉ်အတွင် ပါဝင်ခွင့်နှင့် ငွေသားကံစမ်းမဲ ဆုရှင် ရွေးချယ်မှုအတွက် သတ်မှတ်ချက်နှင့် စည်းကမ်းများကို ပိုမို သိရှိလိုပါက facebook.com/NestleMyanmar တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။


Share

Loading Next Article...
က္က