ရန်ကုန်က မြို့တွင်းခြောက်မြို့နယ်မှာ တစ်နာရီကို ကျပ် ၂၀၀ နှုန်းနဲ့ ကားရပ်နားခတွေကောက်ခံဖို့ စီစဉ်နေတယ်လို့ YCDC ကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြို့တွင်းက မြို့နယ်တွေဖြစ်တဲ့ ပုဇွန်တောင်၊ဗိုလ်တစ်ထောင်၊ကျောက်တံတား၊ပန်းပဲတန်း၊လသာနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရှိတဲ့ လမ်းတွေမှာ ကားပါကင်နဲ့ ယာဉ်ရပ်နားခကောက်ခံသွားမှာဖြစ်ပါတယ်။
လသာမြို့နယ်အတွင်း ကားပါကင်တစ်နေရာ
“ ဒီလိုကောက်တာက တကယ်ယာဉ်ကြောကြပ်နေတာ။လမ်းတွေမှာကားတွေပိတ်နေတာကို ဖြေရှင်းပေးနိုင်မှာဟုတ်ရဲ့လား။ နောက်ပြီးတကယ်ကော ထိရောက်ပါ့မလားဆိုတာကို စဉ်းစားပြီးတော့မှ လုပ်ရင်ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ ရန်ကုန်မြို့တွင်းနေ ကိုသန့်ဇင်အောင်က ပြောပါတယ်။
မြို့တွင်းကားရပ်နားမှုများအားတွေ့ရစဉ်
လုပ်ငန်းရှင်တွေကိုလည်း အဲ့ဒီလိုလုပ်ကိုင်ဖို့ကို YCDC အင်ဂျင်နီယာဌာန (လမ်း၊တံတား)ကနေ တင်ဒါခေါ်ထားပြီးတော့ ယာဉ်ရပ်နားကန့်သတ်ရှစ်ဇုန်အတွက် ဈေးပြိုင်စနစ်နဲ့ တင်ဒါခေါ်ထားတာလည်းဖြစ်ပါတယ်။
ယာဉ်ရပ်နားခကောက်ခံခြင်းကို ၂၁၀၂ ခုနှစ်က ဖျက်သိမ်းခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ပြန်လည်ကောက်ခံမယ်လို့ ကြေငြာလိုက်တာလည်းဖြစ်ပါတယ်။ အဲ့ဒီလိုယာဉ်ရပ်ဖို့ ဆောင်ရွက်ပြီးတယ်ဆိုရင် ယာဉ်ရပ်နားမှုကို နံနက် ၈ နာရီ ညနေ ၆ နာရီ အထိကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။