မြို့အဝင်ဂိတ်မှာလည်း စစ်ဆေးနေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း Stay Home သတ်မှတ်ထားတဲ့မြို့နယ်တွေက လာရောက်သူတိုင်း ပြည်မြို့ကိုရောက်ရင် ကွာရန်တင်းနေထိုင်ရမှာဖြစ်တယ်လို့ ပြည်မြို့နယ်၊တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလိူင်ကပြောပါတယ်။

Stay Home သတ်မှတ်ထားခြင်းမရှိတဲ့ အခြားမြို့နယ်တွေက ညအိပ်၊ညနေ လာရောက်မယ်ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာ ပြသနိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

" ကွာရန်တင်းကတော့ ၂၁ ရက်ဖြစ်ဖို့များတယ်။ Swap ယူစစ်ဆေး မဆေးဆိုတာကတော့ သေချာမပြောနိုင်သေးဘူး။ Stay Home မြို့နယ်ကမဟုတ်ဘဲ လာတဲ့သူဆိုရင်တော့ အဲဒီမြို့နယ်တွေက မဟုတ်ကြောင်း၊ ဘယ်မြို့နယ်၊ဘယ်ရပ်ကွက်ဆိုတာမျိုးပေါ့။ ဒါကိုတော့ ပြရမယ်။ အခုတော့ ပြည်မြို့မှာ စစ်ဆေးရေးဂိတ် ၂ ခုဖွင့်ပြီး စစ်ဆေးနေပြီဖြစ်တယ်" လို့ ဦးသက်ဝင်းလိူင်ကပြောပါတယ်။



ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်ကနေ ပြည်မြို့ အဝင်နေရာဖြစ်တဲ့ ဆင်မကြပ်မှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးနေသလို ရခိုင်ပြည်နယ်ကနေ ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့ နဝဒေတံတား ထိပ်မှာလည်း စစ်ဆေးရေးဂိတ်ဖွင့်ကာ လုပ်ဆောင်နေပြီလို့သိရပါတယ်။

လက်ရှိပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ရခိုင်ပြည်နယ်က ပြန်လာသူ ကားမောင်းသမား ကိုဗစ်အတည်ပြုလူနာတစ်ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့လည်းသိရပါတယ်။

ပြည်မြို့အတွင်း ရခိုင်ကပြန်လာသူ ၁၀၀ ကျော်ကိုတော့ ကွာရန်တင်းထားစောင့်ကြည့်နေတယ်လို့သိရပါတယ်။


အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က