နေ့ချင်းမြို့အလိုက်အပူချိန်တွေက ၁ဒီဂရီစင်တီဂရီတ်ဆီထပ်မံတိုးကာ အပူဆုံးစံချိန်သစ်တင်နေတာပါ။
ဒီနှစ်နွေရာသီဟာ အယ်နီညိုရာသီဥတုကြောင့် ယခင်နှစ်တွေကထက် ပိုမိုပူပြင်းလျှက်ရှိနေပြီး မြို့ကြီးတွေမှာအပူဆုံးစံချိန်တင်လျှက်ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြို့(၆)မြို့မှာ အပူချိန်စံချိန်သစ်တင်ကြောင်းကို ဧပြီလ (၂၆)ရက်နေ့ တိုင်းတာချက်တွေအရသိရပါတယ်။ ရန်ကုန်၊ တောင်ငူ၊ ကြို့ပင်ကောက်၊ မှော်ဘီ၊ ရေး၊ လပ္ပတ္တာ မြို့တွေမှာ သက်ဆိုင်ရာ မြို့အလိုက် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၃.၃စင်တီဂရီတ်ထိအပူချိန်စံချိန်သစ် တင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဧပြီလ(၂၇)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။



နေ့ချင်းမြို့အလိုက် အပူချိန်တွေက ၁ဒီဂရီ စင်တီဂရိတ်ဆီ မြင့်တက်နေတာကိုလည်းတွေ့ရပါတယ်။ ဧပြီလ (၂၅)ရက်နေ့တိုင်းတာချက်အရ တောင်ငူ၊ ပဲခူး၊ ကြို့ပင်ကောက်၊ခရမ်း၊ ဘီးလင်း၊ ရေး၊သထုံ၊ ဖျာပုံ စတဲ့မြို့ (၈)မြို့ကအပူဆုံးစံချိန်တင်ခဲ့ပါသေးတယ်။ အဲ့ဒီ့မြို့တွေထဲကမှ  ရေးမြို့နဲ့ ကြို့ပင်ကောက်မြို့က ဒီနေ့ထုတ်ပြန်ချက်အရ ရေးမြို့မှာ ၄၁ဒီဂရီစင်တီဂရိတ်၊ ကြို့ပင်ကောက်မှာ ၄၃ ဒီဂရီစင်တီဂရိတ်ထိ အပူချိန်ရှိခဲ့ပြီး (၂၅)ရက်တိုင်းတာချက်ထက်ပိုပြီးတော့ ၁ဒီဂရီစင်တီဂရိတ်ဆီတိုးကာ အပူချိန်စံချိန်သစ်ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်နွေရာသီက အယ်နီညိုရာသီဥတုကြောင့် အပူဒဏ်ကို ပိုမိုခံစားနေကြရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က