လေဆိပ်ကိုယာယီပိတ်ထားခဲ့ရပါတယ်။

Golden Myanmar လကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဟာ ဒီကနေ့ သြဂုတ်လ ၂ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်စဉ်မှာ ရှေ့ဘီးကျိုးသွားတာကြောင့် လေဆိပ်ယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

Photo- Myanmar Aviation Development Association



မန္တလေးကို ရန်ကုန်ကိုလာတဲ့ Golden Myanmar လေကြောင်းလိုင်းမှ ခရီးစဉ် Y5-506 ATR-72-600 Series လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည် မြန်မာ (၆၆) ဦး၊ နိုင်ငံခြားသား (၅) ဦး စုစုပေါင်း (၇၁) ဦးလိုက်ပါလာခဲ့တယ်လို့သိရပါတယ်။

“ ဒီနေ့ ဖြစ်သွားတာပါ။ ဝန်ကြီးဌာနက နေသိရပြီး ဒီဖြစ်စဉ်ကို တင်လိုက်တာပါ” လို့ အဆိုပါ ဖြစ်စဉ်ကို လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ မြန်မာလေကြောင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

လေဆိပ်ကို တစ်နာရီခန့် ယာယီပိတ်ထားခဲ့တာကြောင့် အခြား လေယာဉ်တွေလည်း မဆင်းသက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

လေယာဉ်ရှေ့ဘီးကျိုးခဲ့ပေမယ့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးမှတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က