လူကြမ်းသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကိုရော၊ ဝေဖန်မှုတွေရော ခံရလေ့ရှိတဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်က တော့ ဇွန်(၁၃) ရက်နေ့က သူ့ရဲ့ဘဝထဲကနေ မိသားစုလေးကို အပြီးအပိုင် ထွက်ခွာသွားခွင့်ပေးလိုက်ပါပြီဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရင်ဖွင့်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဇနီးဖြစ်သူနဲ့ ယောက္ခမ တို့နှစ်ဦးကို အလံဖြူ ပြလိုက်ပြီလို့ ဆိုပါတယ်။
'' 100% ရန်ကုန်ဖေချစ် ရမ်းချစ်တဲ့ ရန်ကုန်မေချစ် နှင့် သူ့မေမေ အမှတ်တရဓာတ်ဓာတ်။ မှတ်ချက် ။ ။ 100% အဆင်တော့ မပြေသေးပါ ။ ရန်ကုန်ဖေချစ် ဘက်ကတော့ သားအမိနှစ်ယောက်စလုံး ကို အလံဖြူလေး ပြထားပါအိ ။ အထူးမှတ်ချက် ။ သားအမိနှစ်ယောက်လည်း ရမ်းချစ်ကြမှာပေါ့လို့'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ ကျော်ဇင်ထွဋ်တစ်ယောက် အလံဖြူပြထားတယ် ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်က Profile ပုံမှာ ဇနီးနဲ့ ယောက္ခမရဲ့ ဓာတ်ပုံကို တင်ခဲ့ပါသေး တယ်။
ကျော်ဇင်ထွဋ်ဟာ အခုချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးဆိုတာကို ဇွန်လ ၁၆ ရက်နေ့ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
''16-6-2018 CBကနေ ချစ်ပရိတ်သတ်ကြီးအားလုံးမေးနေတဲ့ အမေးတွေကို တစ်ဦးတစ်ယောက်ခြင်းဖြေဖို့ အဆင်မပြေလို့ ဒီကနေပဲ ပြောပြလိုက်တာဖြစ်ပါအိ ။ မှတ်ချက် ။ ပြိုကွဲလုဆဲဆဲဖြစ်နေတဲ့ ရန်ကုန်ဖေချစ် ၄ကောင်ကြွက်မိသားစု အတွက် အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေသော်လည်း အဆက်အသွယ်မရ ဖြစ်နေလို့ ရန်ကုန်ဖေချစ်လေး စိတ်ဓါတ်ကျ ၊ စိတ်ထိခိုက်၍ ဒီပုံလေးတွေ တင်မိသွားပြန်အိ ။ မှတ်ချက် ။ ။ အမှားပါရင် ခွင့်လွှတ်နားလည်ပေးကြပါလို့'' ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ည ၇ နာရီ ၄ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ အခုလို ပြောပြထားပြီးတော့ မိသားစုဓာတ်ပုံလေးတွေလည်း တင်ခဲ့ပါတယ်။
ကျော်ဇင်ထွဋ်ရဲ့ မိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊ အနုပညာညီအစ်ကိုမောင်နှမတွေကပါ စိတ်မကောင်းဖြစ်နေကြတာ ကိုတွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း သူအရမ်းချစ်ရတဲ့ မိသားစုလေးနဲ့ ဝေးကွာခဲ့ရလို့ အရမ်းကို ပူဆွေးသောက ရောက်နေတာ ကိုလည်း တွေ့ရမှာပါ။ကျော်ဇင်ထွဋ်ဟာ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံရတဲ့ ကျော်ဇင်ထွဋ်ဟာ သမီး ၂ ယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။