ယွန်းယွန်းကတော့ ရန်ကုန်ဆေးရုံကြီးသို့ ကိုယ်တိုင်သွားရောက်ပြီး လှူခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။
Photo: Yoon Yoon
သရုပ်ဆောင် ယွန်းယွန်းနဲ့ မိခင်ဖြစ်သူတို့ဟာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ အလှူငွေများ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံအရှေ့တင် လှူခဲ့ရတဲ့ အမှတ်တရလေးပါလို့လည်း သူက ဆိုပါတယ်။
"မနေ့က အရေးပါ်ဌာနမှာ ယွန်းတို့ လှူဖို့သွားတော့ဖုန်းကြိုမဆက်ထားလိုက်ဖြစ်ဘူး။ရောက်မှဆက်လိုက်တော့ လက်ထောက်ကထိကကိုယ်တိုင်ထွက်ပြီး အလှူငွေနဲ့အလှူပစ္စည်းတွေကိုလက်ခံပေးတယ်။ ပြီးတော့နောက်တစ်ခေါက်ပြန်ဝင်သွားပြီး ဂုဏ်ပြုလက်မှတ်ပါပြန်ရေးလာပေးတယ်။ အားလုံးပေါင်းမှ ၅မိနစ်လောက်ပဲရှိမယ်ထင်တယ်။ ဆေးရုံရှေ့တင်ဒီလိုလှူဖူးတာ ပထမဆုံးမို့ အမှတ်တရလေးပါပဲ" ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: Yoon Yoon
ဆံပင်ရှည်ရှည် ပါးချိုင့်ကလေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူကတော့ ကလေး သရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ယွန်းယွန်းပါ။ ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးခဲ့သူ တစ်ယောက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်အောင်မြင်ခဲ့သလို တက္ကသိုလ်မတက်ခင် အချိန်မှာလည်း ABE Business Management ကို တက်ရောက်ခဲ့ပါသေးတယ်။
Photo: Yoon Yoon
ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။