ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ ယနေ့ည (၈)နာရီထုတ်ပြန်ချက်နဲ့ (၁၀)နာရီ(၁၅)မိနစ် ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ ထပ်တိုးလူနာ (၁၁)ဦးနဲ့ မကွေးတိုင်းဒေသကြီးက (၁)ဦး စုစုပေါင်း တစ်ရက်တည်းမှာတင် လူနာ (၁၂)ဦးထပ်တိုးခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့် နေတဲ့ လူနာ(၁)ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ ည (၁၀)နာရီ(၁၅)မိနစ်အချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကနဦး ည (၈)နာရီမှာ ထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့ရှိခဲ့သူ လူနာ (၁၁)ဦးလုံးက ရန်ကုန်ကဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်က (၁၁)ဦးလုံးက ရောဂါရှိသူတွေနဲ့ထိတွေ့ထားလို့ အသွားအလာကန့်သတ်ထားတဲ့သူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကနေ့ တစ်ရက်တည်းမှာတင် ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးရှိခဲ့ပြီး (၉၃)ဦးရဲ့ဓာတ်ခွဲအဖြေကတော့ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဧပြီ ၁၃ရက်ညအထိ ရောဂါပိုးကူးစက်ခံရသူ (၅၃)ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးက (၄၀)ဦး၊ ပဲခူးတိုင်းဒေသကြီးက (၄)ဦး၊ ချင်းပြည်နယ် (၃)ဦး၊ ရှမ်းပြည်နယ် (၂)ဦး၊ နေပြည်တော် (၁)ဦး၊ မန္တလေး (၁)ဦး၊ မွန်ပြည်နယ် (၁)ဦးနဲ့ မကွေးတိုင်းတို့က (၁) ဦးဖြစ်ပါတယ်။
ပိုးတွေ့ရှိသူ (၅၃)ဦးမှာ (၄)ဦးသေဆုံးသွားပြီး (၂)ဦးက ရောဂါပျောက်ကင်းသွားပြီဖြစ်ပါတယ်။