တံတားများကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းသွားမယ်

ရန်ကုန်တိုင်းက တံတားတွေကို စစ်ဆေးဖို့အတွက် တံတားများကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။



 

42586719_2041755452557185_4806311177250406400_n.jpg 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မော်တော်ယာဉ်တွေဖြတ်သန်းသွားလာနေတဲ့ခုံးကျော်တံတားတွေကို ကြံ့ခိုင်မှုရှိမရှိပြန်လည်စိစစ်ပေးဖို့ မေးမြန်းရာမှာ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

“ အနည်းဆုံးတစ်နှစ်ကို တစ်ကြိမ်လောက်တော့ တံတားကြံ့ခိုင်မှုကိုကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးဖို့လိုပါတယ်။ အင်ဂျင်နီယာကောင်စီနဲ့ အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုလည်းပါရမယ်။” လို့ မြို့တော်ဝန်က ဖြေကြားခဲ့ပါတယ်။

အဲ့ဒီလို အဖွဲ့ဖွဲ့ဖို့ကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စည်ပင်နဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပညာရှင်တွေပါဝင်တဲ့ တံတားများကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ တံတားပေါင်း အစင်း (၇၀) ရှိပြီးလက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပေ (၁၈၀) နဲ့အထက်မော်တော်ယာဉ်ဖြတ်ကျော်ခုံးတံတားပေါင်း ၃၆ စင်း၊မြန်မာ့မီးရထားက မီးရထားလမ်း ခုံးကျော် (၁) စင်းနဲ့ မော်တော်ယာဉ်ဖြတ် ခုံးကျော်တံတား ၂၆ စင်း ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မော်တော်ယာဉ်ဖြတ်ခုံးကျော်တံတား (၇) စင်းတို့ကို တာဝန်ယူထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က