ရန်ကုန်လေထုစောင့်ကြည့်ရေးအဖွဲ့က နှိုးဆော်ထားတာပါ။

ညစ်ညမ်းတဲ့ လေထုကို အမြဲရှုရှိုက်မိပါက နုနယ်တဲ့ ကလေးငယ်တွေအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ပွားနိုင်သလို လူကြီးတွေအနေနဲ့ကလည်း ချောင်းဆိုးခြင်း၊ အသက်ရှုလမ်းကြောင်းနှင့် နှလုံးရောဂါ၊ အဆုတ်ကင်ဆာတို့ကို ဖြစ်ပွားစေနိုင်တာကြောင့် အထူးဂရုပြုနေထိုင်ကြဖို့ နှိုးဆော်ထားတာဖြစ်ပါတယ်။ 

ရန်ကုန်လေထုရဲ့ အခြေအနေဟာ ကျန်းမာရေးထိခိုက်စေတဲ့ အနီရောင်အဆင့်ကို ရောက်ရှိနေတာကြောင့် လေထုညစ်ညမ်းမှုကာကွယ်တဲ့အနေနဲ့ ပြည်သူများနှာခေါင်းစည်းများအသုံးပြုသွားလာကြဖို့ကို ရန်ကုန်လေထုစောင့်ကြည့်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။ 

ရန်ကုန်မြို့ရဲ့လေထုကို နေ့စဉ်စောင့်ကြည့်နေတဲ့ Air Quality Yangon အဖွဲ့ရဲ့ တိုင်းတာချက်အရ ရန်ကုန်လေထုရဲ့ အခြေအနေဟာ AQI အဆင့် (၁၆၇)မှာရှိနေပြီး Air Visual ဝက်ဘ်ဆိုက်မှာတော့ (၁၉၇)ရှိနေတယ်လို့ ပြောပြထားတာပါ။

လက်ရှိမှာတော့ ရန်ကုန်လေထုရဲ့ အခြေအနေဟာ နံနက်ပိုင်းမှာ အနီရောင်အဆင့်အမြဲရှိနေပြီး ညနေမှာတော့ လိမ္မော်ရောင်အဆင့်ရှိနေတယ်လို့ Air Quality Yangon အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

တိုင်းတာချက်တွေအရ ရန်ကုန်လေထုဟာ မိုးရာသီမှာ ကောင်းမွန်သော်လည်း ဆောင်းရာသီနောက်ပိုင်းမှာ လေထုညစ်ညမ်းအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ 

ပြည်သူတွေအနေနဲ့ ညစ်ညမ်းသောလေထုကို ကြာကြည်ရှုရှိုက်မိပါက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ပိုမိုဖြစ်ပွားလာပြီး ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အထူးဂရုပြုနေထိုင်ကြဖို့ကို အသိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က