ဒီကနေ့ ည ၈ နာရီထုတ်ပြန်ချက်အရ စုစုပေါင်း ၄၁၉ ဦး စစ်ဆေးရာမှာ ပိုးတွေ့ရှိသူမရှိဘူးလို့ သိရပြီး နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့သူက ၅ ဦးထပ်တိုးလာခဲ့ပါတယ်။
နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့သူများက လူနာနံပါတ် ၄၅ , ၇၄, ၈၁, ၁၀၈ နဲ့ ၁၂၆ တို့ ဖြစ်ကြပါတယ်။
နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့သူတွေထဲမှာ ကလေးမြို့က အသက် ၆၃ နှစ်အရွယ် အမျိုးသမီးပါဝင်ပြီး ကျန်လေးဦးက ရန်ကုန်မှဖြစ်ပါတယ်။ ရန်ကုန်မြို့က ရောဂါပျောက်ကင်းသူတွေထဲမှာ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။
ယနေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၆) ဦးထဲက သေဆုံးသူက ၆ဦး ရှိပြီး ရောဂါပိုးကင်းစင်သူ ၆၃ ဦးရှိကာ အဲဒီထဲက ၄၃ ဦးမှာ ဆေးရုံက ဆင်းခွင့်ရရှိသွားပါပြီ။
ဆက်လက်ဓာတ်ခွဲစစ်ဆေးဖို့ ကျန်ရှိနေသေးတဲ့ စောင့်ကြည့်လူနာ ၉၂ဦးရှိနေသေးတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။