မိသားစု အတူတူနေချင်တယ်။

ဖြူဖြူထွေးဟာ မိသားစုတွေ အတူတူနေဖို့ ရန်ကုန်မှာ အိမ်ဝယ်တော့မယ်လို့ ဆိုပါတယ်။ ပိုက်ဆံသေသေချာချာ စုနေတယ်လို့ ပြောပါတယ်။ 

Photo: Phyu Phyu Htwe



ဖြူဖြူထွေးကတော့ ရန်ကုန်မှာ အိမ်ဝယ်ဖို့ ပိုက်ဆံစုနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အလုပ်တွေ ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ရန်ကုန်မှာ အိမ်ဝယ်ဖို့က ကြိုးစားတုန်းပါ။ ဘဏ်နဲ့ ချိတ်ဝယ်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် တက်နိုင်တဲ့အချိန် ဝယ်တာပဲဖြစ်ဖြစ် အဲဒီလို လုပ်တာပေါ့နော်။ မကြာခင်မှာ ဝယ်နိုင်မယ် လို့လည်း မျှော်လင့်ပါတယ်။ အမေ တို့က ရွာမှာပဲဆိုတော့ အမေတို့ကို အဆင်ပြေအောင် အရင်ဆုံး လုပ်ပေးနိုင်ခဲ့တယ်။ မိဘတွေ နေရထိုင်ရအဆင်ပြေအောင် အိမ်အရင်ဆောက်ပေးထားလိုက်တာ” လို့ သူကဆိုပါတယ်။ 

Photo: Phyu Phyu Htwe

ဖြူဖြူထွေးက ရန်ကုန်မှာ အိမ်ဝယ်ဖို့ကိုလည်း မိဘတွေနဲ့ မောင်နှမတွေက တိုက်တွန်းထားလို့ပါတဲ့။ အနုပညာကြေးရရင်လည်း အိမ်ဝယ်ဖို့အတွက်ပဲ ပိုက်ဆံ စုတယ်လို့ ပြောပါတယ်။ 

“ အမေကတော့ ကိုယ့်ကို သင်ပြတယ်။ ဒီမှာက စီးပွားရေးအခြေအနေရော၊ မောင်နှမတွေရော အတူတူစုံစုံလင်လင်လေးဖြစ်အောင် ရန်ကုန်မှာပဲ အိမ်ဝယ်ပြီးနေပါ ဆိုလို့ အမေရော၊ မိသားစုတွေရောက တိုက်တွန်းတဲ့အတွက်ကြောင့် ကိုယ်လည်း အခုချိန်မှာ အစစအရာရာ မကုန်သင့်တာ မကုန်အောင်ကြိုးစားတယ်၊ ခြွှေတာတယ်။ ပိုက်ဆံ စုတယ်ပေါ့နော်” လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Htwe

ဖြူဖြူထွေးက အခုဆိုရင် အနုပညာအလုပ်တွေ လုပ်နေရတာဖြစ်တဲ့အတွက် မိသားစုကို အချိန်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ အသက် ငယ်တုန်းမှာ အလုပ်ကြိုးစားမယ်လို့လည်း သူကပြောပါတယ်။ 

“ မိသားစုကိုလည်း အရမ်းကြီးအချိန်မပေးနိုင်ဘူး။ ခရီးတွေလည်း မသွားဖြစ်တော့ဘူး။ ကိုယ်ထင်တာကတော့ အခုချိန်မှာ ကြိုးစားထားမှ နောင်တချိန်မှာ အဆင်ပြေမှာလေ။ နောင်တစ်ချိန်ကျတော့မှ ငါမကြိုးစားခဲ့ရလေခြင်းဆိုတဲ့ နောင်တမျိုးမရချင်ဘူး။ ကြိုသိနေတယ် ဒါကြောင့် အခုကတည်းက ကြို ကြိုးစားတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေပြည်နန်း ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က