စီးပွားရေးအရ ဘီယာဆိုင်တွေကိုလည်း ကျန်းမာရေးနဲ့အညီဖွင့်ရင် ပြန်လည် ခွင့်ပြုပေးထားတယ်လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။
လက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေ ဆိုင်ထိုင်ရောင်းချခွင့်ပြုအပြီးမှာ စည်းမျဉ်းအတိုင်းလိုက်နာမယ်ဆိုရင် ဘီယာဆိုင်အချို့အနေနဲ့လည်း ပြန်ဖွင့်နိုင်တယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Duwun ကိုပြောပါတယ်။ ကနဦးအနေနဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ဖွင့်ခွင့်ပေးထားတာ ဖြစ်ပေမယ့်လည်း စီးပွားရေး အရမ်း မတင်းကြပ်ချင်တာကြောင့် ဘီယာဆိုင်တွေကိုလည်း သတ်မှတ် စည်းကမ်းနဲ့အညီ ဖွင့်ရင် ခွင့်ပြုပေးထားတယ်လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။
“၁၅ရက်နောက်ပိုင်းက အကုန်လုံး ပြန်ဖွင့်နေကြပါတယ်။စီးပွားရေးကို တင်းကြပ်လိုက်မယ်ဆိုရင် အကုန်လုံး ဒုက္ခတွေ ရောက်ကုန်မှာလေ။ကျန်းမာရေးနဲ့အညီဆိုရင်တော့ ခွင့်ပြုထားပါတယ်။ဆိုင်ရှေ့မှာ ဘေစင်တွေ ထားရ မယ်။ခုံတွေကို သတ်မှတ်စည်းအတိုင်း ခြားထားရမယ်။လူအများကြီး ထိုင်ခွင့်မပြုပဲဆိုရင်တော့ ဖွင့်ခွင့်ပြုထားပါ တယ်။”လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။
ရန်ကုန်မြို့မှာ မေလ ၁၅ရက်နောက်ပိုင်းကစတင်ပြီးဖြေလျှော့မှုတွေလုပ်ခဲ့ရာမှာ စားသောက်ဆိုင်အချို့ ဆိုင်ထိုင်ရောင်းချခွင့်ပြန်ရခဲ့ပါတယ်။ အစောပိုင်းကြေညာချက်မှာတော့ အရက်/ဘီယာရောင်းချတဲ့ဆိုင်တွေ မပါဝင်ဘူးလို့သိရပေမယ့် နောက်ပိုင်းမှာတော့ စီးပွားရေးအခြေအနေအရ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဘီယာဆိုင်နဲ့ ဘားတွေ ပြန်လည်ရောင်းချခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ တရားဝင်ထုတ်ချက်တော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။