ခိုစာမကျွေးကြဖို့ ရန်ကုန်စည်ပင်က အသိပညာပေးဗီနိုင်းတွေကို ကပ်သွားမှာပါ။

ရန်ကုန်မြို့ရဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ခိုစာမကျွေးကြဖို့ ရန်ကုန်စည်ပင်အနေနဲ့ အသိပညာပေး ဗီနိုင်းတွေကို လာမယ့် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း မြို့နယ်တွေမှာ လိုက်လံကပ်သွားမယ်လို့ သိရပါတယ်။

Photo- ရန်ကုန်မြို့ မြို့လည်ခေါင်တစ်ခုမှာ ခိုများတွေ့ရစဉ်။

မြို့လယ်ခေါင်နဲ့ မြို့နယ်တိုင်းမှာ ခိုစာရောင်းချတာတွေ၊ ခိုစာကျွေးတာတွေကို ပပျောက်အောက် လုပ်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားထုတ်လုပ်ရုံများဌာနက ဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ နှစ်ပတ်တစ်ကြိမ် ပြုလုပ်တဲ့ မီဒီယာသတင်းစာရှင်းလင်းပွဲမှာ  ပြောကြားခဲ့တာပါ။

“ အဓိကကတော့ ရန်ကုန်မြို့တွင်းမှာ လူနေထူထပ်တဲ့နေရာတွေမှာ ဒီခိုတွေ မရှိတာကတော့ ကျန်းမာရေးအတွက်၊ လူထုအတွက်တော်တော်ကောင်းမယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ မြို့နယ်တိုင်းမှာ ခိုစာရောင်းတဲ့သူတွေ ပျောက်ကွယ်သွားအောင်ဆောင်ရွက်မယ်။ ခိုစာကျွေးတဲ့သူတွေလည်း မကျွေးတော့အောင် စည်းရုံးဆောင်ရွက်မယ်” လို့ ဌာနမှူး ဦးမင်းအောင်က ဆိုပါတယ်။

Photo- ခိုစာရောင်းချမှုများ တွေ့ရစဉ်။

ခိုတွေဟာ ကြက်ဌက်တုပ်ကွေးရောဂါအပြင် အခြားရောဂါတွေ ဖြစ်ပွားနိုင်တဲ့အတွက် အများပြည်သူနဲ့သက်ဆိုင်တဲ့ မြို့လည်ခေါင်တွေမှာ ခိုစာကျွေးတာတွေကို၁၉၂၂  ရန်ကုန်မြို့တော်စည်ပင် ဥပဒေအရ တားမြစ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ လမ်းဘေးခွေးတွေ အပါအဝင် တိရစ္တာန်တွေကို အစာကျွေးပါက စည်ပင်သာယာဥပဒေအရ ဒဏ်ငွေ ၅ သောင်းကနေ ၁ သိန်းအထိ ၊ ထောင်ဒဏ် ၃ လ အထိ ချမှတ်နိုင်ပါတယ်။

လက်တလော ရန်ကုန်စည်ပင်ဆောင်ရွက်ချက်အနေနဲ့ ခွေးတွေကို အစာမကျွေးဖို့ အသိပညာပေးလက်ကမ်းစာစောင်တွေ၊ဗီနိုင်းတွေ ထုတ်ပြီး အများပြည်သူသိအောင် လှုံဆော်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က