ဧပြီလမှာဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်

ရန်ကုန်မြို့က နောက်ဖေးလမ်းကြားတွေမှာ နံရံပန်းချီတွေရေးဆွဲဖို့ လူငယ်ပန်းချီပညာရှင်တွေကို ဖိတ်ခေါ်နေတယ်လို့ နောက်ဖေးလမ်းကြားဥယျာဉ်စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ ဒို့အိမ်အဖွဲ့ကနေ သိရပါတယ်။

ဓါတ်ပုံ-ဒို့အိမ်



“ ကျွန်တော်တို့ အဲ့မှာလုပ်မယ့် ပရောဂျက်က လူငယ်အသက် (၁၃ကနေ ၂၀ )ကျော်အတွက် နောက်ဖေးလမ်းကြား youth hub ဖြစ်နေချင်တာ။လမ်း ၃၀ နဲ့ ဗိုလ်ဆွန်ပက်ကြားရှိပြီးလူငယ်တွေ ခဏခဏလာလေ့ရှိတဲ့နေရာနဲ့လည်း နီးတာကြောင့် ဒီလိုစဉ်းစားမိပြီးတော့ လူငယ်တွေအတွက် လုပ်ဖြစ်တာပါ။ ” လို့ ဒို့အိမ်က communications manager ကိုကျော်စည်သူက Duwun ကိုပြောပါတယ်။

အဆိုပါ နောက်ဖေးလမ်းကြားဥယျာဉ်အတွက် နံရံပန်းချီရေးဖို့ လူငယ်ပန်းချီပညာရှင်တွေ လာရောက်ပူးပေါင်းနိုင်တယ်လို့ ဒို့အိမ်က ပြောပါတယ်။ ဆေးရောင်ခြယ်တာ၊ ရုပ်ပုံဆွဲတာအပြင် ဖန်တီးမှုစွမ်းရည်ကောင်းတဲ့ တက်သစ်စ ပြည်တွင်းပန်းချီပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီးတော့ လက်ရှိမှာ ကွန်ကရစ်လမ်းခင်းတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေကာ လာမယ့် ဧပြီလမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့ နောက်ဖေးလမ်းကြားတွေကို ၂၀၁၆ ခုနှစ်မှစပြီး ပြည်တွင်း အဖွဲ့အစည်းတစ်ခုကနေ သန့်ရှင်းမှုတွေလုပ်ဆောင်ခဲ့ကာ အနားယူစရာ နေရာတစ်ခုအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

သို့သော် အချို့ နေရာတွေမှာ အိမ်တွေကနေ စွန့်ပစ်တဲ့ အမှိုက်တွေက ပြုပြင်ထားတဲ့ နောက်ဖေးလမ်းကြားတွေပေါ်မှာ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ နောက်ဖေးလမ်းကြားတွေကို အမှိုက်ပစ်တာလျှော့ချဖို့ ကိုယ်ပိုင်အသိစိတ်နဲ့လည်း လုပ်ဆောင်သင့်တယ်လို့ ဝေဖန်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က