Heineken က မြန်မာပလာဇာမှာ ဘီယာပုလင်း ၂၀၀၀ ကျော်ကို အသုံးပြုပြီး ကြီးကျယ်ခမ်းနားလှတဲ့ ခရစ်စမတ်သစ်ပင်ကြီးကို ပြုလုပ်ကာ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးပေးခဲ့ပါတယ်။

မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့တဲ့ ပျော်ရွှင်စရာ ပွဲတော်တွေကို ရန်ကုန်မြို့တော်ကြီးမှာ အကောင်းဆုံး ဆင်နွှဲနိုင်ဖို့အတွက် Heineken က မြန်မာပလာဇာမှာ ဘီယာပုလင်း ၂၀၀၀ ကျော်ကို အသုံးပြုပြီး ကြီးကျယ်ခမ်းနားလှတဲ့ ခရစ်စမတ်သစ်ပင်ကြီးကို ပြုလုပ်ကာ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးပေးခဲ့ပါတယ်။ ဒီခရစ်စမတ်သစ်ပင်ကြီးကတော့ ၂၅ပေ အမြင့်ရှိပြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီး cele တွေ၊ influencers တွေ စတဲ့ ကြယ်ရောင်စုံတွေနဲ့အတူ လင်းလက်တောက်ပနေခဲ့တာပဲ ဖြစ်ပါတယ်။



" ကျွန်ုပ်တို့က ပျော်ရွှင်ဖွယ်ရာအချိန်တွေကို လန်းဆန်းတက်ကြွပြီး တမူထူးခြားတဲ့ အတွေးသစ်၊ အမြင်သစ်တွေနဲ့အတူ ဖြတ်သန်းစေချင်ခဲ့တာပါ။ ဒါကြောင့်လည်း ဘီယာပုလင်းပေါင်း ၂၀၀၀ကျော်ကို အသုံးပြုပြီး ဒီ Heineken သစ်ပင်ကြီးကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ တချို့သော မိတ်ဆွေတွေကလည်း ဒီလိုမျိုး ဖန်တီးထားတဲ့ လက်ရာတွေကို အရင်က မမြင်ဖူးခဲ့ဘူးလို့လည်း ပြောကြတယ်။ ကျွန်မကတော့ ပြီးဆုံးသွားခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ မြန်မာပလာဇာမှာ ဖန်တီးထားတဲ့ Heineken ရဲ့ ခရစ်စမတ် သစ်ပင်ကြီးမှာ ဓာတ်ပုံတွေရိုက်ရင်း ကုန်ဆုံးခဲ့မယ်လို့လည်း မျှော်လင့်ပါတယ်။" လို့ Heineken Myanmar ရဲ့ Marketing Director ဖြစ်သူ Pattapanee Ekahitanond (Kaitoon) က အခုလိုပဲ ပြောပြပေးထားပါတယ်။

ဒီ Heineken ရဲ့ ခရစ်စမတ် ပါတီပွဲကို တက်ရောက်ခဲ့ကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းကို Heineken ဘီယာ အေးအေးလေးနဲ့အတူ အစာပြေမုန့်များဖြင့် တည့်ခင်းဧည့်ခံရင်း အချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ကြပါတယ်။ ဒီပွဲမှာတော့ နာမည်ကြီး Celebrities တွေက လာမယ့် နှစ်သစ်မှာ သူတို့ လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုအကြောင်းတွေကိုလည်း ဝေမျှပေးခဲ့ပါတယ်။ တက်ရောက်ခဲ့ကြတဲ့ ဧည့်သည်တော်တွေကိုလည်း DJ ရဲ့ မြူးကြွတဲ့ သံစဉ်တွေကြားမှာ စည်းချက်ညီညီ မျောပါနေတဲ့ အကအဖွဲ့ရဲ့ ခရစ်စမတ်အကတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။

ပြီးဆုံးသွားခဲ့တဲ့ ပွဲတော်ကာလမှာ Heineken နဲ့အတူ ပျော်ရွှင်ဖွယ်အချိန်တွေကို မကုန်ဆုံးခဲ့ရသေးဘူးဆိုရင်လည်း မြန်မာပလာဇာမှာ ဖန်တီးထားတဲ့ Heineken ခရစ်စမတ် သစ်ပင်ကြီးဆီ လှမ်းလာခဲ့ပြီး ဓာတ်ပုံရိုက်ရင်း အမိုက်စား hoodie တွေကို လာမယ့် ဇန်နဝါရီလ ၁၄ရက်နေ့အထိ ပါဝင်ကံစမ်းဖို့ဖိတ်ခေါ်လိုက်ပါရစေ။ လက်ဆောင်ပေးသွားမယ့် hoodie တွေက နည်းနည်းပဲ ကျန်တော့တာမို့ ဒီအခွင့်အရေးကို လက်လွှတ်မခံပဲ အမြန်လေး ပါဝင်ကံစမ်းဖို့ လိုတယ်နော်။ ဘယ်လို ပါဝင်ကံစမ်းရမလဲ ဆိုရင်တော့ ခမ်းနားလှတဲ့ Heineken သစ်ပင်ကြီးနဲ့အတူ ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံကို သင့်ရဲ့ Facebook မှာ hashtags #Heineken #FestiveMM လို့ ရိုက်ပြီး Public တင်လိုက်ရုံနဲ့ အမိုက်စား hoodie ကို ကံစမ်းလို့ရမှာပါ။ အားလုံးပဲ ကံကောင်းကြပါစေ!


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က