စမ်းချောင်း ၊ကျိုက်လတ်လမ်းနဲ့ ပန်းတနော်လမ်းကြား ကငွေတောင်လက်ဖက်ရည်ဆိုင်မှာ အကြော်ကြာရာကနေ ဆီပူက တစ်ဆင့် ဂတ်စ်အိုးကို ကူးစက်လောင်ကျွမ်းခဲ့ပြီး လူ (၃) ဦးသေဆုံးခဲ့တယ်လို့ စမ်းချောင်းမြို့မရဲစခန်းက Duwun ကိုအတည်ပြုပြောကြားပါတယ်။
“လူသေတာက ကျား(၁)၊မ (၂)ပါ။လောင်ကျွမ်းရတဲ့အကြောင်းရင်းကို တော့ စုံစမ်းစစ်ဆေးနေတုန်းပဲရှိပါသေးတယ်။” လို့စမ်းချောင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။
ဇန်နဝါရီလ ၂၃ ရက်မနက် ၅ နာရီခွဲမှာ စတင်လောင်ကျွန်းခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် level 2 အဆင့်သတ်မှတ်ပြီး မီးငြှိမ်းခဲ့ရတာဖြစ်ပြီးတော့ မနက် ၆ နာရီကျော်မှာမီး ငြိမ်းသတ်နိုင်ခဲ့ပေမယ့် အမျိုးသား(၁) ဦး ၊အမျိုးသမီး (၂) ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသားမှာ အသက် ၇၄ နှစ်အရွယ် ဖြစ်ပြီး သေဆုံးသူ အမျိုးသမီး ၂ ဦးမှာ အသက် ၃၀ အရွယ်တွေ ဖြစ်ကြတယ်လို့ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရသိရပါတယ်
ငွေတောင်လက်ဖက်ရည်ဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘေးနားက တိုက်ခန်း ၃ ခန်းကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်
မီးလောင်မှုကို မီးသတ်ယာဉ် ၂၆ စီးနဲ့ အထောက်အကူပြုယာဉ် ၉ စီးတို့နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။