အန္တရာယ်ရှိအဆောက်အအုံတွေမှာနေထိုင်သူတွေဟာ သတိပြုနေထိုင်ဖို့လိုအပ်ပါတယ်။

ရန်ကုန်မြို့တည်ရှိရာ မြေနေရာအမျိုးစုဟာ နုန်းမြေဖြစ်ပြီး မြေပျော့တွေဖြစ်တာကြောင့် ငလျင်အန္တရာယ်နဲ့ ပတ်သက်လို့ သတိပြုဖို့လိုအပ်တယ်လို့ မြေငလျင်ပညာရှင်တစ်ဦးကပြောပါတယ်။

 မြေငလျင်ဟာ ကြိုတင်ခန့်မှန်းရလို့ရတဲ့ အရာမဟုတ်တာကြောင့် ရန်ကုန်မြို့ရဲ့ အထပ်မြင့် အန္တရာယ်အဆောက်အအုံတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အမြဲသတိပြုနေထိုင်ဖို့လိုအပ်တယ်လို့ မြေငလျင်သုတေသနပညာရှင် ဒေါ်လှလှအောင်က Duwun ကိုပြောပါတယ်။ 

“ ရန်ကုန်မြို့ရဲ့ မြေနေရာတော်တော်များများက နုန်းမြေတွေချည်းတော့ မဟုတ်ဘူး၊ ဒါပေမယ့် နုန်းမြေများတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ရန်ကုန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဆိုရင် တုန်ခါမှုဒဏ်ကိုတော်တော်ခံစားလိုက်ရတယ်။ ငလျင်လှုပ်တယ်ဆိုတာက ပြတ်ရွေ့ကလှုပ်တာ။ ပြတ်ရွေ့ကလှုပ်ရင် ပြတ်ရွေ့နဲ့ နီးလားဝေးလားကြည့်ပြီး တုန်ခါမှုကွာတယ်။ မြေနေရာအပျော့နဲ့ အမာလည်းကွတာ့ါ။ ရန်ကုန်က နုန်းမြေများတယ်၊ ငလျင်အန္တရာယ်ကလည်း ကြိုတင်ခန့်မှန်းလို့ မရတော့ အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေမှာနေထိုင်တဲ့ သူတွေအနေနဲ့ကတော့ သတိထားကာ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်တယ်” လို့ ဒေါ်လှလှအောင်ကပြောပါတယ်။ 

ငလျင် အန္တရာယ်ဟာ ကြိုတင်ခန့်မှန်းလို့ မရတဲ့ အရာဖြစ်လို့ အန္တရာယ်ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်မှုတစ်ခုကိုသာ လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ ငလျင် အန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီးအဆင့် ငလျင်အန္တရာယ်ဆိုင်ရာ အသိအမြင်မြှင့်တင်မှု ရက်သတ္တပတ်လူထုလှုပ်ရှားမှုကို‌တော့ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ကစလို့ (၂၂)ရက်နေ့ထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က