အစီးရေ (၆၉)စီးပြေးဆွဲမှုကို ယာယီရပ်ဆိုင်းလိုက်တာပါ။

Covid 19 ကြောင့် ခရီးသည်စီးနှင်းမှု လျော့နည်းလာတာကြောင့် ရန်ကုန် မြို့ပတ်ရထား အစီးရေ(၆၉)စီးကို မတ်လ(၂၉)ရက်နေ့ကစပြီး ယာယီ လျှော့ချပြေးဆွဲလျှက်ရှိတယ်လို့ မီးရထားသွားလာရေး မန်နေဂျာ ဦးဇော်လွင်ထံမှသိရပါတယ်။ 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ ပုံမှန်အားဖြင့် ရထား (၁၆၈)စီးပြေးဆွဲလျှက်ရှိပြီး (၆၉)စီးကို ယာယီရပ်နားမှာဖြစ်လို့ နေ့စဉ် (၉၉)စီးသာ ပြေးဆွဲပေးသွားတော့မှာဖြစ်ပါတယ်။ 



“ Covid 19ကြောင့် မြို့တွင်းမှာလည်း သွားလာမှုကနည်းလာတော့ ရထားအသုံးပြုသူကလည်းနည်းလာတယ်။ အဲဒါကြောင့် အခုလို အစီးရေ လျှော့ချပြီးပြေးဆွဲတာပါ” လို့ ဦးဇော်လွင်က Duwun ကိုပြောပါတယ်။ 

အခုလို မြို့ပတ်ရထားအသုံးပြုသူနည်းလာလို့ အစီးရေတွေလျော့ချပြေးဆွဲနေသလို ရန်ကုန်မှထွက်ခွာမယ့် ခရီးဝေးရထား ခရီးစဉ်တွေမှာလည်း ခရီးသည်နည်းပါးလာရင် လူစီးတွဲတွေလျှော့ချပြေးဆွဲမယ်လို့ သိရပါတယ်။ 

မတ်လ (၂၉)ရက်နေ့မှာတော့ ရန်ကုန်-မော်လမြိုင်ခရီးစဉ်မှာ ခရီးသည်နည်းပါးတဲ့အတွက် အထက်တန်းထိုင်ခုံ (၂)တွဲနဲ့ ရိုးရိုးတန်းထိုင်ခုံ (၂)တွဲတို့ကို လျှော့ချ ချိတ်ဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ရန်ကုန်ကနေ နေ့စဉ်ထွက်ခွာပေးလျှက်ရှိတဲ့ ခရီးစဉ်တွေကတော့ ရန်ကုန်-မန္တလေး အမြန်ရထား(၃)စီး၊ မော်လမြိုင်ကို (၂)စီး၊ ပြည်ကို (၁)စီးနဲ့ ပုဂံကို (၁)စီး နေ့စဉ်ပြေးဆွဲပေးလျှက်ရှိတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က