ရန်ကုန်ရဲ့ တောင်ဘက် ၅၆ မိုင်အကွာမှာ ကမ္ဘာအေး မြေငလျင်စခန်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။

ရန်ကုန်မြို့မှာ ဒီနေ့ ၁ နာရီ မိနစ် ၂၀ လောက်က ကမ္ဘာအေးမြေငလျင်စခန်းကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။



images.jfif

Photo - tylin.com

 

“၁ နာရီ ၂၀ တုန်းက လှုပ်သွားတာပါ။ ရန်ကုန်ရဲ့ တောင်ဘက် ၅၆ မိုင်အကွာမှာ။ အင်အားအသင့်အတင့်ပါ။ “ လို့ မိုးဇလဦးစီးဌာနရဲ့ မြေငလျင်ဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှုး 

ဒေါက်တာယဉ်မျိုးမင်းထွေးက Duwun Media ကိုပြောပါတယ်။

ကမ္ဘာအေးမြေငလျင်စခန်းရဲ့ တောင်ဘက် ၅၆ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး  ငလျင်ဒဏ်ကို ရန်ကုန်မြို့ရဲ့ မြို့နယ်အများစုမှာ သိသိသာသာခံစားလိုက်ရပါတယ်။

“ဒီနေ့ ၁ နာရီကျော်ကျော်လောက်မှာ သိသိသာသာငလျင်လှုပ်သွားတယ်။ ရုံးရဲ့ ၁၈ လွှာကနေ တောင် ငလျင်လှုပ်သွားမှန်း ခံစားလိုက်ရတယ်” လို့ ကမာရွတ်မြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ မြန်မာနိုင်ငံအတွင်းမှာ ငလျင်လှုပ်ခတ်မှုပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့ပြီး ဇန်နဝါရီလအတွင်းက လှုပ်ခတ်ခဲ့တဲ့ ဖြူးငလျင်က အသိသာဆုံးဖြစ်ပြီး အင်အား ၆ အဆင့် ရှိ ငလျင် လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ခုလုံးမှာ မြေငလျင်လှုပ်ခတ်မှုက ၂၀၁၈ခုနှစ် နှစ်ဝက်လောက်ထိ လှုပ်ခတ်မှုနှုန်းဟာ  ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်က နှုန်းတွေနဲ့ယှဉ်ရင် အကြိမ်ရေပိုများတယ်လို့ဆိုပါတယ်။

တစ်နှစ်လုံးအတိုင်းအတာနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ငလျင်လှုပ်ခတ်မှု ၄၂ ကြိမ်နဲ့ ၂၀၁၇ မှာ ၇၀ ကြိမ်အထိ လှုပ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က