သရုပ်ဆောင်ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့လည်းပါဝင်မှာပါ။

ရန်ကုန်မြို့မှာ ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့၊ မြို့ရဲ့ကိုလိုနီခေတ် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးတွေကို လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး The Step Yangon 2019 လမ်းလျှောက်လှုပ်ရှားမှုကို ဇန်နဝါရီလ ၂၆ ရက် မနက် ၅နာရီမှစတင်ကာ မဟာဗန္ဒုလပန်းခြံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကိုတော့ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) ရန်ကုန်မြို့ Melia ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ ရန်ကုန်မြို့မှာရှိတဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးတွေကို ပိုမိုသိရှိစေဖို့အပြင် ပလတ်စတစ်လျှော့ချရေး အစီအစဉ်တွေနဲ့ The Step Yangon 2019 လမ်းလျှောက်လှုပ်ရှားမှုကို ပြုလုပ်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး အသင်းတာဝန်ရှိသူ ဒေါ် မေမြတ်မွန်ဝင်းကပြောပါတယ်။



“ ရန်ကုန်မြို့မှာ ရင်သပ်ရှုမောဖြစ်ရတဲ့ သမိုင်းဝင်အဆောက်အဦးတွေရှိရဲ့သားနဲ့ Promote မလုပ်နိုင်သေးတော့ ဒီနေရာတွေကို ပိုပြီးသိရှိဖို့ ရည်ရွယ်ပါတယ်။ သွားနေတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အဦးတွေအကြောင်းတွေကို Volunteer တွေက ရှင်းပြသွားမှာဖြစ်ပါတယ်။” လို့ ဒေါ်မေမြတ်မွန်ဝင်းကဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး The Step Yangon 2019 မှာ ပါဝင်သွားမယ်လို့လည်း သရုပ်ဆောင်ဇာဏ်ခီက ဆိုပါတယ်။

“ ရန်ကုန်မှာများသောအားဖြင့် ရွှေတိဂုံလောက်ပဲသွားကြတယ်။ ရန်ကုန်မှာပဲ တခြားသွားလို့နေရာတွေရှိသေးတယ်။ ကိုလိုနီခေတ်ကတည်းကနေ အခုထိထိန်းသိမ်းထားတဲ့ နေရာတွေကို ပိုပြီးသိစေချင်လု့ိ့ပါ။ အဲဒီနေရာတွေမှာ ရန်ကုန်မြို့အကြောင်း၊ မြန်မာပြည်အကြောင်းကို ပိုပြီးတော့သိရှိနိုင်မှာပါ။ “ လု့ိသရုပ်ဆောင် ဇာဏ်ခီက ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက် မနက် ငါးနာရီမှစတင်ကာ မဟာဗန္ဒုလပန်းခြံကနေ စတင်ထွက်ခွာပြီး ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်း အနီးတဝိုက်ကို လမ်းလျှောက်မှာဖြစ်ပြီး သရုပ်ဆောင် ဇာဏ်ခီ၊ ခရစ္စတီးနာခီးတို့နဲ့ အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုုပ်ဦးဖြိုးမင်းသိန်းလည်း ပါဝင်မှာပါ။ The Step Yangon 2019 ကို စိတ်ဝင်စားတဲ့သူတွေ ပါဝင်နိုင်ပြီး လူတစ်ထောင်ဝန်းကျင်ခန့် ပါဝင်ကြမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က