မြို့နယ်အလိုက် လူဦးရေနဲ့ အညီ public area ၊လူသွားလမ်းနဲ့ စက်ဘီးစီးဖို့လမ်းတွေ ဆောင်ရွက်ဖို့ ရှိမရှိကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မှာ လူတစ်ယောက်ကို စိမ်းလန်းမြေရရှိမှုဧရိယာက (၅.၀၂) စတုရန်းပေသာရှိတယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကတိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

(တိုင်းဒေသကြီးလွှတ်တော်တွင် ရန်ကုန်မြို့တော်ဝန် ပြန်လည်ဖြေကြားနေစဉ်)

မတ်လ ၄ ရက်နေ့မှာကျင်းပတဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လသာမြို့နယ် မဲဆန္ဒနယ်(၂)ကလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်မြို့တော်အတွင်းမှာ မြို့နယ်အလိုက် လူဦးရေနဲ့ အညီ public area၊ လူသွားလမ်းနဲ့ စက်ဘီးစီးဖို့လမ်းတွေ ဆောင်ရွက်ဖို့ ရှိ မရှိကို မေးမြန်းခဲ့တာဖြစ်ပါတယ်။



ရန်ကုန်မြို့ရဲ့ လက်ရှိလူဦးရေနဲ့ တည်ရှိမှုအရ လူတစ်ဦးချင်းစီရဲ့ စိမ်းလန်းမြေဧရိယာက (၅.၀၂)စတုရန်းပေပဲရှိပြီး စည်ပင်က တာဝန်ယူကြီးကြပ်စီမံနေတဲ့ ပန်းခြံနဲ့ အားကစားကွင်းတွေ အဆင့်မြှင့်တင်ဖို့ကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက်ရှိတဲ့ ပန်းခြံနဲ့ အားကစားကွင်းတွေ အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ လုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် အရှိန်အဟုန်မြှင့်ပြီး ဆက်လက် ဆောင်ရွက်နေပါတယ်။” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖြေကြားခဲ့တာပါ။

ရန်ကုန်မြို့တော်ရဲ့ မြို့တွင်း(၆)မြို့နယ်မှာ လူသွားလမ်းတွေ အဆင့်မြှင့်တင်ဖို့ လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နဲ့ လေ့လာဆန်းစစ်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တော် စည်ပင်အနေနဲ့ ရရှိတဲ့ ဘဏ္ဍာငွေတွေအပေါ်မူတည်ပြီး အကောင်အထည်ဖော်နေတယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာစက်ဘီးစီးနင်းတဲ့လမ်းကြောင်းတွေဖန်တီးပေးခြင်းအားဖြင့် ယာဉ်ကြောကြပ်တည်းမှုကို ရှောင်ကွင်းနိုင်တာ၊ပါတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချပေးတာ၊ ကြံ့ခိုင်မှုကို ပါအထောက်အကူဖြစ်စေတာကြောင့် လမ်းတွေမှာ ဒီလိုစက်ဘီးစီးဖို့ လမ်းတွေ ပြုလုပ်ပေးသင့်တယ်လို့ စက်ဘီးစီးသူတွေက တောင်းဆိုနေကြပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က