ရန်ကုန်မှာ တိရစ္ဆာန်အစိတ်အပိုင်းရောင်းဝယ်မှုပြုလုပ်ရင် ထောင်ချနိုင်တဲ့ ဥပဒေကို ပြဌာန်းလိုက်တယ်လို့ WWF ကနေထုတ်ပြန်ပါတယ်။
ရန်ကုန်မှာ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်နေတာကို အပြီးသတ်တိုက်ဖျက်ဖို့ အတွက် ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ဖောြ်ပထားပါတယ်။
“ ရန်ကုန်က အရှေ့တောင်အာရှမှာ တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုကင်းမဲ့တဲ့ မြို့တော်ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ရန်ကုန်က စည်ပင်ကော်မတီနဲ့ ပူးပေါင်းပြီးတော့ ဈေးကွက်တွေ၊ အရောင်းဆိုင်တွေမှာ ဒါကို သိအောင်လုံလောက်တဲ့ အသိပညာပေးလုပ်ငန်းတွေနဲ့ အသိပေးပြီးတော့ ဒီလိုရောင်းနေတာကို အဆု့းသတ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင် ဥပဒေနဲ့ အညီအရေးယူသွားမှာပါ ” လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှုး ဦးသိန်းတိုးက ပြောပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက တောရိုင်းတိရစ္ဆာန်တွေက ထုတ်ထားတဲ့ ဥပဒေဖြစ်ပြီးတော့ ဥပဒေစိုးမိုးမှုမရှိခဲ့တာကြောင့် ယခုနှစ်မေလမှာ ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး တော့ကာကွယ်ထားသောတိရစ္ဆာန် (သို့မဟုတ်) CITES ကွန်ဗန်းရှင်းအောက်မှာ ကာကွယ်ထားတဲ့ တိရစ္ဆာန်ကို အမဲလိုက်ဖမ်းဆီးခြင်း ဒါမှမဟုတ်ရောင်းဝယ်ခြင်းအတွက် မဖြစ်မနေ ထောင်ဒဏ်ကျခံရမယ့် ပြဌာန်ချက်ကို ထည့်သွင်းလာတာဖြစ်ပါတယ်။
တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေ ရောင်းဝယ်မှုပပျောက်ဖို့အတွက် အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းစုတွေနဲ့ အနုပညာရှင်တွေ လုပ်ဆောင်ခဲ့တဲ့ မိုမိုတို့အတွက် ရင်တွင်းစကားသံ လူထုလှုပ်ရှားမှုအပြီး ၁၁ လအကြာမှာပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၄ ရက်နေ့မှာလည်း အစိုးရက ဖမ်ထားတဲ့ ဆင်စွယ်အပါအဝင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ပထမဆုံးအကြိမ် ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။