ရောင်းချနေတဲ့သတင်းပေးသူကို အရက်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းပေးသွားမှာပါ။

ရန်ကုန်မှာ နိုင်ငံခြားအရက်တွေရောင်းချခွင့်မပြုဖို့ အစိုးရကနေ ခေါ်ယူအသိပေးခဲ့တယ်လို့  ရန်ကုန်က အရက်လက်လီရောင်းချနေတဲ့အရောင်းဆိုင်တွေက သိရပါတယ်။



 

 

နိုင်ငံခြားအရက်တွေကို ဆိုင်အတွင်းသောက်ခွင့်ရှိတဲ့ FL 17 လိုင်စင်နဲ့ ဆိုင်အတွင်းသောက်ခွင့်မရှိတဲ့ FL 12 လိုင်စင်ကို ထွေအုပ်ဌာနက လိုင်စင်ထုတ်ပေးထားတာဖြစ်ပါတယ်။

“ဒီဆိုင်တွေက တစ်နှစ်ကို လိုင်စင်ကြေး ၁၅ သိန်းသွင်း၇တယ်။ တစ်နှစ်ကို သိန်းသုံးသောင်းလောက် တိုင်းဒေသကြီးကို တိုက်ရိုက်ထည့်ဝင်ပေး၇တယ်။ အဲ့ဒါတွေဆုံးရှုံးသွားမယ့်သဘောရှိတယ်။ နောက်ပြီး ဆိုင်က ဝန်ထမ်းတွေရယ်၊ဝန်ထမ်းကို မှီခိုရမယ့် မိသားစုတွေရှိတယ်။ စားသောာက်ဆိုင်တွေကလည်း နိုင်ငံခြားအရက်ရောင်းတဲ့ စားသောက်ဆိုင်တွေက တစ်နှစ်ကို လိုင်စင်ကြေး ၂၄ သိန်းပေးထားရတယ်။နိုင်ငံခြားအရက်ကို မှီခိုပြီးရောင်းပြီးမှ အခွန်ပေးထားရတော့ သူတို့လည်း ယစ်မျိုးအခွန်အနေနဲ့ ဆုံးရှုံးမှုရှိမယ်။ နိုင်ငံခြားသားတွေလာတာနည်းနေတဲ့အချိန်မှာ နိုင်ငံခြားသားတွေအတွက် night life က ပျောက်သွားနိုင်တယ်။ ဆိုင်တွေပိတ်ရင် tourism ဘက်က ထိခိုက်နိုင်တယ်။” လို့ Myanmar Bartender Association က ဒုဥက္ကဌ ဦးထွန်းထွန်းအေးက Duwun ကိုဖြေကြားပါတယ်။

 

 

လက်ရှိမှာ FL 12 လိုင်စင်နဲ့နိုင်ငံခြားအရက်ရောင်းချနေတဲ့ဆိုင်ပေါင်း ၂၂၀၀ အထိရှိပြီးတော့ အခွန်ရရှိမှုလျော့နည်းလာနိုင်သလို အရည်အသွေးမမီတဲ့အရက်တွေ သောက်သုံးနေရမှု ပိုများလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

“လိုင်စင်ကိုင်ထားတဲ့သူတွေက လက်မှတ်ထိုးရတယ်ဆိုတော့ အဖမ်းခံရမယ်ဆိုတာသိပြီးပြီဆိုတော့ အဲ့နောက်ပိုင်းမှာ စပြီးဖမ်းလို့ရပြီဆိုတဲ့သဘောပေါ့။ ဖမ်းချင်ဖမ်းလို့ ရပြီဆိုတဲ့သဘောပေါ့။ “ လို့ သူက ပြောပါတယ်။

အဲ့လိုသတ်မှတ်တာက စီးကရက်၊ ဘီယာ တွေပါပါဝင်တာဖြစ်ပြီးတော့ ပြည်တွင်းမှာ နာမည်ကြီးစီးကရက်၊ဘီယာတံဆိပ်တွေက ရှိနေပြီးသားဖြစ်ပြီး နာမည်ကြီးအရက်တံဆိပ်တွေကတော့ ဝင်ရောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

နိုင်ငံခြားအရက်ရောင်းတာကို သတင်းပေးရင် သတင်းပေးသူကို ပစ္စည်းတန်ဖိုး ၂၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးတဲ့အဖွဲ့ကို ပေးမှာဖြစ်ပြီး ၅၀ ရာနှုန်းကို နိုင်ငံတော်က ရမယ်လို့ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က