၂၀၂၁ မှာ ပြီးစီးမှာပါ။
နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါတို့ကို အထူးပြုကုသမယ့် ဆေးရုံသစ်ကြီး (New Yangon Specialist Hospital) တည်ဆောက်ရေးစီမံကိန်းအတွက် ပန္နက်တင် အခန်းအနားကို ဧပြီ ၂၉ ရက် နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်ရှိ မြေကွက်လပ်မှာပြုလုပ်ခဲ့ပါတယ်။

Photo - JICA



အဲ့ဒီဆေးရုံသစ်ကြီးကို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်တာဖြစ်ပြီး ဂျပန်ယန်းငွေ (၈၆၆၁)သန်းနှင့် ဆေးရုံသုံး စက်ပစ္စည်းအချို့ကို ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ကတော့ မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်း ကိရိယာတွေ ဖြည့်တင်းဖို့ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ ဆေးရုံကြီးကို TAISEI ကုမ္ပဏီက တာဝန်ယူဆောက်လုပ်မယ်လို့ သိရပါတယ်။

ဆေးရုံကြီးဟာ ၇ ထပ်အဆောက်အဦးဖြစ်ပြီး ကုတင် ၃၀၀ ဆန့်မှာဖြစ်ပါတယ်။ တည်ဆောက်ရေးကိုတော့ မေလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာအပြီးတည်ဆောက်မှာဖြစ်ပါတယ်။ ယခုေဆးရုံသစ်ကြီး ဆောက်လုပ်ပြီးစီးသွားပါက နှလုံးရောဂါနဲ့ ဦးနှောက်နဲ့ အာရုံကြောကုသမှုတို့ကို အဆိုပါဆေးရုံကြီးမှာပဲ ကုသပေးသွားမှာဖြစ်ပြီး ဂျပန်နိုင်ငံမှ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေနဲ့ ကုသပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က