ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဖွင့်ခဲ့တာပါ။
ရန်ကုန်မှာ Zipline စီးချင်သူတွေအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာ Zipline Adventure ကို ဧပြီလ(၂၆)ရက်နေ့ က ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Photo - Htoo Group



တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ထဲက Yangon Zipline Adventure မှာ ကောင်းကင်ကြိုးစီးခြင်း ၊ အမြင့်မှ ခုန်ချကစားနည်းနဲ့ သစ်ပင်တက် ကစားနည်းတွေကို ဧပြီ ၂၆ ရက်နေ့ကစတင်ပြီး ကစားနိုင်ပြီဖြစ်ပါတယ်။

ကောင်းကင်ကြိုး စီးနင်းရာမှာလည်း တစ်ဖက်တစ်ယောက်စီ၊ ကြိုးနှစ်ချောင်းနဲ့ နှစ်ယောက် စီးနိုင်အောင် ဆောင်ရွက်ထားပြီး တာဝါတိုင်(A) မှာ မြေပြင်ကနေ မီတာ ၂၀ အမြင့်ရှိပြီး တာဝါတိုင်(B) ဟာ ၁၇.၅ မီတာ မြင့်ပါတယ်လို့ သိရပါတယ်။

Photo - Htoo Group

တာဝါတိုင် တစ်ခုနဲ့ တစ်ခု အကွာအဝေးကနေ ၁၆၇.၃ မီတာရှိပြီး တာဝါတိုင်နှစ်ခုကြားမှာ ဆောင်းခိုငှက် သဘာဝရေအိုင်ရှိတာကြောင့်တိရစ္ဆာန်ဥယျာဉ်အလှကိုလည်း အပေါ်စီးက ခံစားနိုင်မယ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင် ကာလမှာလည်း နံရံတွယ်တက်ခြင်း ကစားနည်း Wall Climbing ကိုလည်း ထပ်မံ ဖွင့်လှစ်သွားဖို့ ဆာင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က