တောင်းဆိုမှုတွေကို တစုံတရာတုံ့ပြန်ခြင်းမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ဒဂုံနဲ့ ဒဂုံတက္ကသိုလ်ကို သီးသန့်ယာဉ်လိုင်းတွေပြေးဆွဲပေးဖို့ ၂၀၁၇ ခုနှစ်လောက်ကတည်းက ကျောင်းသားတွေကတောင်းဆိုခဲ့ပေမယ့် တစုံတရာ အကြောင်းပြန်ခြင်းမရှိသလို ယခုထိလည်း ယာဉ်လိုင်းထားရှိပေးခြင်းမရှိဘူးလို့ ကျောင်းသားများက ပြောပါတယ်။

၂၀၁၇ခုနှစ်ကတည်းကတောင်းဆိုမှုတွေလုပ်ခဲ့တဲ့ တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကို ယာဉ်လိုင်းပြေးဆွဲပေးဖို့ ကိစ္စကို ယနေ့ထိတိုင်းအစိုးရက ဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ ကျောင်းသားများသမဂ္ဂကထံမှသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ထံကိုလည်း အိတ်ဖွင့်စာပို့ထားပေမယ့်လည်း ယနေ့ထိ တုံ့ပြန်ခြင်းမရှိဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဇန်နဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့ပါတယ်။

“နောက်တစ်ပတ် အင်္ဂါနေ့ထိစောင့်မယ်။ အဲဒီနေ့မှာအကြောင်းပြန်လာခြင်းမှရှိဘူး၊ တစ်ခုခုကျွန်တော်တို့လိုချင်တဲ့ အချက်ကိုမရဘူးဆိုရင်တော့ ကျွန်တော်တို့ ဒီထက်ပိုပြီးပြင်းထန်တဲ့ တောင်းဆိုမှုတွေပြုလုပ်သွားမယ်” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုသန်းဇော်ဦးက Duwun ကိုပြောပါတယ်။



တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကိုပြေးဆွဲပေးတဲ့ ယာဉ်လိုင်းတွေမရှိတာကြောင့် တောင်ဒဂုံက ကျောင်းသား၊ ကျောင်းသူတွေမှာ ယာဉ်လိုင်းအဆင့်ဆင့်စီးနေရပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့အနေနဲ့ ကားပေါ်မှာခါးပိုက်နှိုက်ခံရတာတွေရှိနေသလို ကျောင်းသူတွေမှာလည်း နှောက်ယှက်ခံနေရတွေရှိတယ်လို့ ကျောင်းသားများသမဂ္ဂကပြောပါတယ်။

ဒဂုံတက္ကသိုလ်မှာ အဝေးသင်နဲ့ Day တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ (၇)သောင်းကျော်ရှိပြီး တောင်ဒဂုံကနေ တက်ရောက်နေတဲ့ကျောင်းသား၊ကျောင်းသူက (၁)သောင်းကျော်ရှိတယ်လို့သိရပါတယ်။ ကျောင်းသား၊ကျောင်းသူတွေရဲ့လုံခြုံရေးအတွက်ဖြစ်သလို သွားရေးလာရေးအတွက်လည်းအဆင်ပြေစေဖို့အတွက် အခုလိုယာဉ်လိုင်းပြေးဆွဲပေးဖို့တောင်းဆိုရခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဒဂုံတက္ကသိုလ်ရဲ့ ကျောင်းသားအင်အားနဲ့ ကျောင်းလုံခြုံရေးအပိုင်းကလည်း အားနည်းချက်တွေရှိနေတဲ့အတွက် ဒါကိုလည်းတိုင်းအစိုးရအနေနဲ့ ကြီးကြပ်ဆောင်ရွက်ပေးစေချင်တယ်လို့ ကျောင်းသားများသမဂ္ဂက သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က