အချိန်ပိုင်းပြတ်တောက်မှာပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင်နှင့်မြို့နယ်များမှာ (၆၆) ကေဗွီ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ဓာတ်ကြိုးများ လဲလှယ်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်မှာဖြစ်တယ်လို့ YESC ကထုတ်ပြန်ကြေညာထားပါတယ်။ 

photo- YESC

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်နဲ့မြို့နယ်များမှာ ဓာတ်အားရေရှည်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်းနေသော ဓာတ်ကြိုးများအသစ်လဲလှယ်ခြင်းနဲ့ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်မှာဖြစ်တာကြောင့် မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်တောက်မှာ ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက သြဂုတ်လ(၂၆)ရက်နေ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ သြဂုတ်လ(၂၇)၇က်နေ့နဲ့ (၂၉)ရက်တွေမှာ နံနက်(၉)နာရီကနေ မွန်းလွဲ (၁၂)အထိ လျှပ်စစ်မီးပြတ်တောက်မှာလည်း ဖြစ်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မယ့် မြို့နယ်တွေကတော့ လမ်းမတော်၊ဗဟန်း၊အလုံ၊ကြည့်မြင်တိုင်၊လှိုင်၊မရမ်းကုန်း၊ ကမာရွတ်၊လသာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း ၊ရွှေပြည်သာ၊ ထန်းတပင်၊ထောက်ကြန့်၊ လှည်းကူး ၊အင်းတိုင်၊ဒါးပိန်၊ဖောင်ကြီး၊မှော်ဘီ၊မြောင်းတကာ၊တိုက်ကြီး၊ဥက္ကံ၊အဖျောက် မြို့နယ်များမှာရှိတဲ့ ရပ်ကွက်တချို့မှာ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီလိုလုပ်ဆောင်ရခြင်းကလည်း ဓာတ်အားပြတ်တောက်မှုလျှော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်တာကြောင့် ယာယီဓာတ်အားပြတ်တောက်စဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့ လူမှုရေးခက်အခဲများပေါ်ပေါက်နိုင်မှုများအပေါ် နားလည်ပေးကြဖို့ကိုလည်း YESCက ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က