လူမှုရေးဝန်ကြီးက ပြောတာပါ။

ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး ကူးစက်မှုပျံ့ပွားမှုရေးအတွက် ရန်ကုန်တိုင်းထဲက စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ကို ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောပါတယ်။

"ကျန်းမာရေးစစ်ဆေးမှုတွေကို စည်ပင်သာယာနယ်နမိတ်အတွင်းက ၃၃ မြို့နယ်လုံးကို လုပ်မှာဖြစ်ပါတယ်။ အချိန်ကာလကိုတော့ဒီလအတွင်း လုပ်ဖို့ စီစဉ်ထားတယ် ၊ကျန်းမာရေးစစ်ဆေးတဲ့အခါ ကျနော်တို့ကတော့ တကယ်ဂရုစိုက်ပြီးလုပ်ခိုင်းထားတာ၊ကျနော်တို့က အသေးစိတ်စီမံချက်ရေးဆွဲညွှန်ကြားပြီးလုပ်တာပါ" လို့ ဆိုပါတယ်။ လတ်တလောမှာတော့ အင်းစိန်မြို့နယ်က ကိုဗစ် ၁၉ ရောဂါပိုးအများဆုံးတွေ့ရှိတဲ့ရပ်ကွက်က အိမ်ထောင်စုပေါင်း ၁၀၀၀၀ ကျော်က လူဦးရေ ၄၀၀၀၀ ကျော်ကို စစ်ဆေးပေးခဲ့ပြီးဖြစ်သလို တာမွေမြို့နယ်က အိမ်ထောင်စုပေါင်း ၂၆၇၅၂ စု က လူဦးရေ ၁၁၆၇၄၉ဦးကိုလည်း ဒုတိယအကြိမ်အဖြစ် ကျန်းမာရေးစစ်ဆေးပေးကာ ကျန်းမာရေး စစ်တမ်း ကောက်ယူခဲ့ပါတယ်။



ဒီလို ကျန်းမာ ရေးစစ်ဆေးမှုတွေလုပ်တဲ့အခါ တာမွေမြို့နယ်မှာလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုအပေါ် နည်းစနစ်မကျဟုဆိုကာ လူမှုကွန်ယက်မှာဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း လူမှုရေးဝန်ကြီးက ခုလိုပြောပါတယ်။

"တကယ် အဲ့လိုလုပ်တယ်ဆိုရင်တော့ ထိန်းကျောင်းရမှာပေါ့ ၊ ကျွန်တော်တို့ သေချာကြပ်မတ်ရမှာပေါ့။ ဘယ်သူလုပ်တယ်ဆိုတာတော့ ကျွန်တော်တို့ပြောလို့မရဘူး။"

ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးစစ်ဆေးခြင်းနဲ့ စစ်တမ်းကောက်ယူခြင်းကို ကျန်းမာရေး ဝန်ထမ်းတွေ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်၊ စေတနာ့ဝန်ထမ်းတွေ ပူပေါင်းပြီး အင်အား ထောင်ဂဏန်းနီးပါး နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။

"စစ်ဆေးတဲ့အခါ တစ်အိမ်တက်ဆင်းလိုက် မေးတယ်။ကျန်းမာရေးအသိပညာမြှင့်တင်မှုပါ လုပ်တယ်၊ ရောဂါရာဇဝ်စစ်ဆေးမေးမြန်းတယ်၊ ခရီးသွားရာဇဝင်၊ ပိုးတွေ့သူထိတွေ့မှုရှိမရှိ အကုန်မေးတယ်။ "လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းမီဒီယာများကို ပြောဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောဆိုထားပါတယ်။

လက်ရှိ မေလ ၁၉ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၁၉၁ ဦးရှိပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က