မတ်လ ၁၉ ရက်နဲ့ ၂၃ ရက်မှာ ယာယီမီးပြတ်မှာပါ။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှာ မတ်လ ၁၉ ရက်နဲ့ မတ်လ ၂၃ ရက်တို့မှာ အချိန်ပိုင်းမီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးကြေညာထားပါတယ်။

Photo- WL (ရန်ကုန်မြို့ တစ်နေရာမှ လျှပ်စစ်မီးကြိုးတွေ တွေ့ရစဉ်)



ကမာရွတ်၊ လမ်းမတော်၊ ကြည့်မြင့်တိုင်၊ ဗဟန်း၊အလုံ၊စမ်းချောင်၊လှိုင်၊ရန်ကင်း၊တာမွေ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ရပ်ကွက်အချို့မှာ အဆိုပါ ရက်တွေမှာ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်တယ်ဆိုပြီး ကြေညာထားတာပါ။

ခရိုင်နဲ့ မြို့နယ်တွေက ၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံတွေ ၊Distribution Transformer တွေကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ၊ ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ဖို့အတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုတွေကို လျှပ်ကာပါတဲ့ ကြိုးအသစ်တွေနဲ့ လဲလှယ်မှာဖြစ်လို့ ယာယီ ပြတ်တောက်ရမှာဖြစ်ကြောင်း ကြေညာထားတာ တွေ့ရပါတယ်။

ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲတွေ ပေါ်ပေါက်တဲ့အပေါ် နားလည်ခွင့်လွှတ်ပေးဖို့နဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ ရန်ကုန်တိုင်းက မြို့နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို မြို့နယ်အလိုက် ဆောင်ရွက်နေတာဖြစ်ပြီး အဆိုပါ ဆောင်ရွက်နေချိန်အတွင်းမှာ မီးယာယီပြတ်တောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဓာတ်အားထုတ်လုပ်မှုအနေနဲ့ (၃၅၈၆) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးနေပြီး ရန်ကုန်တိုင်းရဲ့ အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၁၅၄၃.၂၃) မဂ္ဂါဝပ်ခန့် သုံးစွဲနေတယ်လို့ သိရပါတယ်။ လာမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ရန်ကုန်တိုင်းကို ရာနှုန်းပြည့်လျှပ်စစ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလက ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း (ရုံးချုပ်) မှာပြုလုပ်တဲ့ အစည်းအဝေးမှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးက ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က